Connect with us

Asia

တိုကျိုအိုလံပစ် ကျင်းပမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဝန်ကြီးချုပ် ကတိပြု

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆူဂါအား တွေ့ရစဉ် (ဓာတ်ပုံ- Nicolas Datiche/Pool via Xinhua)

တိုကျို၊ မေ ၁၄ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဆူဂါ ယိုရှီဟီဒဲ (Suga Yoshihide) က၂၀၂၀ ပြည့်နှစ် တိုကျိုအိုလံပစ်နှင့် မသန်စွမ်းအိုလံပစ် အားကစားပွဲများအား ယခုနှစ် နွေရာသီတွင် စီစဉ်ထားသည့်အတိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း မေ ၁၃ ရက်က ကတိပြုပြောကြားခဲ့ကြောင်း သိရသည်။

ဆူဂါက ချီဘာစီရင်စုနယ်အုပ်ချုပ်ရေးမှူးဟောင်း Morita Kensaku နှင့် တွေ့ဆုံမှုအတွင်း ရွှေ့ဆိုင်းထားသော အားကစားပွဲများနှင့်ပတ်သက်၍ ကတိကဝတ်ပြုခဲ့ခြင်းဖြစ်ကြောင်း ဂျပန် အသံလွှင့်ဌာန NHK က ဖော်ပြထားသည်။

Morita က ဆူဂါအား ယခုနှစ်နွေရာသီတွင် ၂၀၂၀ ပြည့်နှစ် အားကစားပွဲများ ကျင်းပမည်လားဟု မေးမြန်းချိန်၌ ဝန်ကြီးချုပ်က ကျင်းပမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ဆူဂါက ၎င်းအနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်မြှင့်ဆောင်ရွက်ကာ အားကစားပွဲများ ဖြစ်မြောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို Morita အား ပြောကြားခဲ့ကြောင်း NHK က သတင်းဖော်ပြထားသည်။ (Xinhua)

————————————
(English Version)
Japanese PM pledges Tokyo Olympics will be held
Source: Xinhua| 2021-05-13 20:29:33|Editor: huaxia
TOKYO, May 13 (Xinhua) — Japan’s Prime Minister Suga Yoshihide pledged on Thursday that the 2020 Tokyo Olympics and Paralympics would be held as scheduled this summer.
Japanese broadcaster NHK said that Suga made the commitment to the postponed games in a meeting with former Chiba Prefectural Governor Morita Kensaku.
Morita said that when he asked Suga whether he will hold the 2020 Games this summer, the prime minister said yes.
Morita said Suga told him that he would make that happen by accelerating the vaccine rollout, NHK reported. Enditem
Yoshihide Suga gestures before a press conference in Tokyo, Japan on Sept. 14, 2020. (Nicolas Datiche/Pool via Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.