Connect with us

Asia

တောင်ကိုရီးယားတွင် အများပြည်သူဆိုင်ရာ ရေချိုးအိမ်များ၊ အဝတ်လဲခန်းများ နှင့် ရေအိမ်များအတွင်း ဓါတ်ပုံ၊ဗွီဒီယို ရိုက်ကူးခြင်းအားလုံးကို ပိတ်ပင်သွားမည်

တောင်ကိုရီးယားတွင် ရေအိမ်တစ်ခုအတွင်း၌ လျှို့ဝှက်ကင်မရာအား ရှာဖွေနေသည့် ရဲမေတစ်ဦးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆိုးလ်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ အစိုးရ က လျှို့ဝှက်ကင်မရာဆိုင်ရာ မှုခင်းများကို ကာကွယ်နိုင်ရန် အများပြည်သူဆိုင်ရာ ရေချိုးအိမ်များ၊ အဝတ်လဲခန်းများ နှင့် ရေအိမ်များအတွင်း ဓါတ်ပုံ၊ဗွီဒီယို ရိုက်ကူးခြင်းအားလုံးကို တားမြစ်ရန် စီစဉ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ဒီဇင်ဘာ ၁၉ ရက်တွင်ပြောကြားခဲ့သည်။

ပုဂ္ဂိုလ်ရေးဆိုင်ရာ ဓါတ်ပုံနှင့် သတင်းအချက်အလက်များကာကွယ်ခြင်း ဥပဒေပြဋ္ဌာန်းခြင်းကို အစိုးရအဖွဲ့အစည်းအဝေး တွင် အတည်ပြုခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနကပြောကြားခဲ့သည်။ ယင်းပြဋ္ဌာန်းချက်အား ထပ်မံအတည်ပြုရန် အမျိုးသားလွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဥပဒေပြဋ္ဌာန်းချက်အရ အများပြည်သူဆိုင်ရာ ရေချိုးအိမ်များ၊ အဝတ်လဲခန်းများ၊ ရေအိမ်များ ၊ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် နှင့် သက်ဆိုင်သည့် အခြားနေရာများအတွင်း ဓါတ်ပုံ၊ဗွီဒီယို ရိုက်ကူးသည့် မည်သည့်ကိရိယာကိုမဆို တပ်ဆင်ခြင်းမရှိစေရန် တားမြစ်ထားကြောင်း သိရသည်။

အဆိုပါ ဥပဒေအား ချိုးဖောက်ပါက ဝမ် သန်း၅၀ (အမေရိကန်ဒေါ်လာ ၄၆,၀၀၀) အထိ ဒဏ်ကြေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ယခင်ပြဋ္ဌာန်းထားသည့် ဥပဒေ၌ ကိရိယာများ အသေတပ်ဆင်၍ ဓါတ်ပုံ၊ ဗွီဒီယိုရိုက်ကူးခြင်းကို သာ တားမြစ်ထားသော်လည်း အသစ်ပြဋ္ဌာန်းမည့် ဥပဒေ၌ သယ်ဆောင်နိုင်သည့် ကိရိယာများ ဖြင့် ဓါတ်ပုံ၊ ဗွီဒီယိုရိုက်ကူးခြင်းကိုပါ တားမြစ်ထားကြောင်း သိရသည်။

လုံခြုံရေး နှင့် စီးပွားရေးအသုံးပြုမှုများအတွက် ကင်မရာတပ်ဆင်ခွင့်ကို ခွင့်ပြုထားသော်လည်း အများပြည်သူကို အသိပေးအကြောင်းကြားထားရမည်ဖြစ်ကြောင်း သိရသည်။

ဥပဒေအသစ်ပြဋ္ဌာန်းရခြင်းသည် လိင်ပိုင်းဆိုင်ရာ သာယာမှု နှင့် အခြားရည်ရွယ်ချက်များအတွက် အမျိုးသမီးများအား လျှို့ဝှက်စွာ ဓါတ်ပုံ၊ ဗွီဒီယို ရိုက်ကူးသည့် လျှို့ဝှက်ကင်မရာ မှုခင်းများမှ ကာကွယ်ရန်အတွက် ဖြစ်ကြောင်း သိရသည်။

အမျိုးသားရဲတပ်ဖွဲ့၏ ပြောကြားချက်အရ လျှို့ဝှက်ကင်မရာ မှုခင်းအရေအတွက်သည် ၂၀၁၂ခုနှစ်တွင် ၂,၄၀၀ ခုမှ ၂၀၁၄ခုနှစ်တွင် ၆,၆၂၃ခုအထိတိုးတက်လာပြီး ၂၀၁၆ခုနှစ်တွင် ၅,၁၈၅ခုအထိပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.