Connect with us

Asia

ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားဧည့်သည်အရေအတွက် ၃၉ သန်းသို့ ရောက်ရှိ၊ လေးရာခိုင်နှုန်းမြင့်တက်လာ

၃၉ သန်းမြောက် ကမ္ဘာလှည့်ခရီးသွားဧည့်သည်ကို သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနေစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံက ၃၉ သန်းမြောက် ကမ္ဘာလှည့်ခရီးသွားဧည့်သည်ကို သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဒီဇင်ဘာ ၂၇ ရက်တွင် ကြိုဆိုခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင် (TAT) က “ထိုင်းနိုင်ငံ၏ ကံအကောင်းဆုံးခရီးသည်၊ အံ့ဖွယ်အောင်မြင်မှု” ကမ်ပိန်း (campaign) ကို စတင်ဆောင်ရွက်ခဲ့ပြီး ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားဧည့်သည် အရေအတွက် ၃၉ သန်း ပြည့်မြောက်ရန် ရည်မှန်းထားခဲ့သည်။

လေဆိပ်၌ ၃၉ သန်းမြောက် ခရီးသည်အား စောင့်ဆိုင်းနေသည့် ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး ပီပတ် ရတ်ချာကစ်ပရာခန် (Pipat Ratchakitprakan) က ကံကောင်းသူဖြစ်သွားသော ရုရှားနိုင်ငံမှ အန်နာ ပါလိုစကာယာ (Anna Pavlovskaya) အား လက်ဆောင်များနှင့် ခရီးသွားခွင့်လက်မှတ်များ ပေးအပ်ခဲ့သည်။

ထိုင်း ခရီးသွားလုပ်ငန်းဝန်ကြီးက အန်နာအား ကံအကောင်းဆုံး ခရီးသည်ဖြစ်ကြောင်းလက်မှတ်၊ ထိုင်းနိုင်ငံတွင် ငါးညနေထိုင်ရန်နေရာ၊ ၎င်း၏မိခင်နိုင်ငံမှ ထိုင်းနိုင်ငံသို့ အသွားအပြန် လူနှစ်ဦးစာအတွက်လက်မှတ်များနှင့် အခမဲ့ဇိမ်ခံကားဝန်ဆောင်မှုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ယခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ ခရီးသွားဧည့်သည်ဝင်ရောက်မှု အရေအတွက်မှာ ရည်မှန်းထားသည့်အတိုင်း ၃၉ ဒသမ ၇၇ သန်း ရှိခဲ့ပြီး လေးရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ဝင်ငွေအားဖြင့် ဘတ် ၁ ဒသမ ၉၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံ) ရရှိခဲ့ကြောင်း လေဆိပ်၌ ပီပတ်က သတင်းထောက်များကို ပြောကြားခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.