Connect with us

Asia

ထိုင်းနိုင်ငံမြောက်ပိုင်းတွင် တရားမဝင်တင်သွင်းလာသည့် အီးစီးကရက် ၂၀,၀၀၀ ကျော်အားသိမ်းဆည်းရမိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အားတွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံမြောက်ပိုင်း Mukdhan ပြည်နယ်တွင် သြဂုတ် ၁၃ ရက်က ထိုင်းဘတ် ၁၁သန်းကျော် (အမေရိကန်ဒေါ်လာ ၃၅၈,၈၉၀) တန်ဖိုးရှိ အီး-စီးကရက် ၂၀,၀၀၀ ကျော် အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မြောက်ပိုင်းပြည်နယ်အတွင်းဖြတ်စီးနေသည့် မဲခေါင်ကမ်းပါးရှိ ပုဂ္ဂလိကကုမ္ပဏီ တစ်ခု၏ ကုန်လှောင်ရုံတစ်ခုတွင် အဆိုပါအီးစီးကရက်များအား ဝှက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအီးစီးကရက်များသည် ကုန်သေတ္တာခြောက်လုံးထဲတွင် အခြားသောထုတ်ကုန်များ နှင့်အတူရောနှောထားခဲ့ခြင်းဖြစ်ကြောင်း အကောက်ခွန် ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှစ၍ အီးစီးကရက် တင်သွင်းခြင်း၊ ရောင်းချခြင်း နှင့် ဝန်ဆောင်မှုပေးခြင်းတို့အား တားမြစ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.