Connect with us

Asia

ထိုင်းနိုင်ငံမှတရုတ်နိုင်ငံသို့ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် အရ မင်းကွတ်သီးတင်ပို့မှုတိုးတက်

ထိုင်းနိုင်ငံထွက် မင်းကွတ်သီးများကိုတွေ့ရစဉ်(အင်တာနက်)

ဘန်ကောက် ၊သြဂုတ်လ ၁၆ ရက်(ဆင်ဟွာ)

လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် အရ ထိုင်းနိုင်ငံမှတရုတ်နိုင်ငံသို့ မင်းကွတ်သီးများတင်ပို့ မှုက အများအပြားတိုးတက်လာခဲ့ကြောင်းဖြင့်အဆင့်မြင့်အစိုးရအရာရှိတစ်ဦး က သြဂုတ်လ ၁၅ ရက် တွင်ပြောကြားခဲ့သည်။

ထိုင်းအစိုးရ ကုန်သွယ်ရေးညှိနှိုင်းမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အိုရာမွန ်ဆတ်သာဝီသမ် ကတရုတ် နိုင်ငံသို့ ထိုင်းနိုင်ငံမှ မင်းကွတ်သီးတင်ပို့မှုများမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၂၉ ဒသမ ၄ သန်းရရှိခဲ့ ပြီး ၂၀၁၉ ခုနှစ်၏ ပထမနှစ်ဝက်ကာလအတွင်း ယခင်နှစ်အလားတူကာလထက် ၄၀၈ ရာခိုင်နှုန်းတိုး တက် လာကြောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ကုန်သွယ်မှုအတားအဆီးတစ်စုံတစ်ရာမရှိသော သွင်းကုန်များဖြစ်သည့်ထိုင်းနိုင်ငံ၏မင်း ကွတ်သီး တင်ပို့မှုက ဈေးကွက်ဝေစု၏ ၇၁ ရာခိုင်နှုန်းရှိကြောင်းလည်း ညွှန်ကြားရေးမှူးချုပ် အိုရာမွန် ကပြောခဲ့သည်။ထိုအတောအတွင်း ထိုင်းနိုင်ငံ၏ အာဆီယံနိုင်ငံများသို့ မင်းကွတ်သီးတင်ပို့မှုများမှလည်း ဝင်ငွေ အမေ ရိကန်ဒေါ်လာ ၈၄ ဒသမ ၂ သန်းရရှိခဲ့ရာ ၂၀၁၉ ခုနှစ်၏ပထမနှစ်ဝက်ကာလအတွင်း ယခင်နှစ်အလား တူကာလထက် ၄၆ ရာခိုင်နှုန်းတိုး တက် လာကြောင်း၎င်းကပြောခဲ့သည်။လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် အရ အာဆီယံနိုင်ငံများကထိုင်းနိုင်ငံမှမင်းကွတ်သီးများ တင်သွင်းမှုက ဈေးကွက်ဝေစု၏ ၂၆ ရာခိုင်နှုန်းရှိကြောင်းလည်းညွှန်ကြားရေးမှူးချုပ် အိုရာမွန် ကပြော ခဲ့သည်။(Xinhua)