Connect with us

Asia

ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲအတွက် တော်ဝင်ခွင့်ပြုချက်ရရှိ၊ ရွေးကောက်ပွဲရက်အား ငါးရက်အတွင်း ကြေညာမည်

ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပပေးရန် ဆန္ဒပြတောင်းဆိုနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲကျင်းပရန် တော်ဝင်ခွင့်ပြုမိန့်အား ဇန်နဝါရီလ ၂၃ ရက်က ထုတ်ပြန်လိုက်ပြီး ရွေးကောက်ပွဲအား လာမည့် ငါးရက်အတွင်း ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

ဘုရင် မဟာ ဗာဂျီရယ်လောင်ကွန်း၏ တော်ဝင်ခွင့်ပြုမိန့်အား တော်ဝင်ဂေဇက်က ထုတ်ပြန်ကြေညာခဲ့ပြီး ကာလရှည်ကြာ စောင့်ဆိုင်းနေခဲ့ရသော ရွေးကောက်ပွဲရက်ကို လာမည့် ငါးရက်အတွင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာမည် ဖြစ်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ အခြေခံဥပဒေများအရ သိရသည်။

ရွေးကောက်ပွဲကျင်းပမည့်ရက်အား အစောပိုင်းက လျာထားသည့် ဖေဖော်ဝါရီလ ၂၄ ရက်မှ တစ်လနောက်ဆုတ်ကာ မတ်လ ၂၄ ရက်တွင် ကျင်းပနိုင်ရန်မျှော်လင့်ထားသည်။

၂၀၁၇ ခုနှစ် အခြေခံဥပဒေအရ လွှတ်တော်အမတ်များ ရွေးကောက်ပွဲကိုမူ ရွေးကောက်ပွဲနှင့် ဆက်စပ်နေသော အခြေခံဥပဒေများကို ကြေညာပြီးနောက် ရက်ပေါင်း ၁၅၀ အတွင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.