Connect with us

Asia

နယ်စပ်ထိန်းချုပ်ရေးမျဉ်းအား ပျံသန်းဝင်ရောက်လာခြင်းကို ကန့်ကွက်ရန် အိန္ဒိယနိုင်ငံ ယာယီ မဟာမင်းကြီးအား ပါကစ္စတန် ဆင့်ခေါ်၊ အိန္ဒိယရုပ်ရှင်များကို တားမြစ်ထား

ပါကစ္စတန်နှင့် အိန္ဒိယ နှစ်နိုင်ငံကြားရှိ နယ်စပ်ပိုင်းခြားထားသည့်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးရုံးက နယ်စပ်ထိန်းချုပ်ရေးမျဉ်းအား ပျံသန်းဝင်ရောက်လာခြင်းကို ကန့်ကွက်ရန် အိန္ဒိယနိုင်ငံ ယာယီ မဟာမင်းကြီးအား ဆင့်ခေါ်လိုက်ကြောင်း တရားဝင်ကြေညာချက်အရ သိရသည်။

ပါကစ္စတန်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေအတွင်းသို့ အိန္ဒိယ လေတပ်လေယာဉ် ၈ စင်းက ပါကစ္စတန် ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ Muzaffarabad နယ်မြေမှ နယ်စပ်မျဉ်းအား ဖြတ်ကျော်ပျံသန်းကာ ဝင်ရောက်လာခြင်းအတွက် ဆန့်ကျင်ကန့်ကွက်ကြောင်း ပါကစ္စတန် နိုင်ငံခြားရေးရုံး ယာယီနိုင်ငံခြားရေးအတွင်းဝန်က အိန္ဒိယ သံတမန်အား ပြောကြားခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ပါကစ္စတန် လေတပ်ဂျက်လေယာဉ်များအနေဖြင့် အိန္ဒိယလေတပ်လေယာဉ်များအား ထိရောက်စွာ ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အိန္ဒိယက ၎င်းတို့၏နိုင်ငံသားများ အေးချမ်းမှုရှိစေရေးအတွက် အကြမ်းဖက်စခန်းကြီးတစ်ခုကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားချက်အား ပါကစ္စတန် ယာယီ နိုင်ငံခြားရေးအတွင်းဝန်က ပယ်ချခဲ့သည်။

“အိန္ဒိယ၏ ရန်စကျူးကျော်မှုက ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေခြင်းဖြစ်ပြီး ပါကစ္စတန်အနေဖြင့် ခဏတာအတွင်း တုန့်ပြန်လုပ်ဆောင်လိုက်ရခြင်း ဖြစ်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူ၏ ပြောကြားချက်အား ကိုးကား၍ ကြေညာချက်တွင် ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် ပါကစ္စတန်နိုင်ငံ ပြန်ကြားရေးဝန်ကြီး ဖာဝတ် ချောင်ဒရီ (Fawad Chaudhry) က ပါကစ္စတန် ရုပ်ရှင်ပြပွဲများ၌ အိန္ဒိယရုပ်ရှင်များနှင့် အခြားသော ဖျော်ဖြေရေး ပစ္စည်းများ ပြသခြင်းအား တားမြစ်လိုက်ကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်တွင် ဒေသခံ မီဒီယာများက သတင်းဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၂၆ ရက် လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဗီဂျေ ကီရှက်ဗ်ဂိုခါလီ (Vijay Keshav Gokhale) က အတည်ပြုခဲ့ပြီး JeM အကြမ်းဖက်အဖွဲ့၏စခန်းကိုသာ ပစ်မှတ်ထားခြင်းဖြစ်ပြီး စစ်ရေးအရ ကြိုတင်လက်ဦးမှုရယူရန် ဦးတည်ဆောင်ရွက်ခြင်း မဟုတ်ကြောင်း ဖေဖော်ဝါရီလ ၂၆ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်ရပ်သည် ဖေဖော်ဝါရီလ ၁၄ ရက်က အိန္ဒိယဘက်က ထိန်းချုပ်ထားရာ ကက်ရှ်မီးယားဒေသအတွင်း ဗုံးခွဲတိုက်ခိုက်မှုတစ်ခု၌ အိန္ဒိယရဲတပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံးမှုကြောင့် ပါကစ္စတန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား တင်းမာမှု မြင့်တက်နေသည့်ကြားမှ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ ပါလ်ဝါမာမြို့တွင် အိန္ဒိယ ဗဟိုရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်မှုမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားထားသည့် Jaish-e-Mohammad (JeM) အဖွဲ့အား ပါကစ္စတန်နိုင်ငံမှ ၂၀၀၂ ခုနှစ်က တားမြစ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.