Connect with us

Asia

နီပေါတွင် ရေကြီးမြေပြိုမှုကြောင့် လူ ၅၆ ဦး သေဆုံး


ခတ္တမန္ဒူ ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ)

ဇူလိုင်လ ၂ ရက်မှစ၍ နီပေါ တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၉ ခုတွင် ရေကြီးမြေပြိုမှုများတွေ ဖြစ်ပွားခဲ့ရာ ယခုအချိန်အထိ လူ ၅၉ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း နီပေါ ပြည်ထဲရေးဝန်ကြီးဌာနက ဇူလိုင် ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် လူ ၁၂ ဦးပျောက်ဆုံးနေပြီး ဒဏ်ရာရသူ ၉ ဦး ရှိကြောင်း သိရသည်။

ယခုရက်ပိုင်းများတွင် ခတ္တမန္ဒူ Bhaktapur တွင် ဆိုးဝါးသည့်ရေဘေးဒုက္ခကြောင့် လူ ၃၀၀၀ ခန့် ရွှေ့ပြောင်းနေထိုင်ခဲ့ရကြောင်း ၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်နှင့်တပ်မတော်သား ၁ ထောင်ခန့်ဖြင့် ကူညီကယ်ဆယ်ရေးများဆောင်ရွက်နေကြောင်း သိရသည်။

ခတ္တမန္ဒူ Bhaktapur တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ )

ခတ္တမန္ဒူ Bhaktapur တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ )

ခတ္တမန္ဒူ Bhaktapur တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ )

နီပေါအစိုးရက ကယ်ဆယ်ရေးစီမံချက်များ ထုတ်ပြန်ကြေညာထားပြီး ရေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့ကြေးငွေ၊ သစ်သား၊ ရွက်ဖျင်တဲစသည့်တို့ကို ကူညီထောက်ပံ့ပေးနေကြောင်း သိရသည်။

နောက်ရက်ပိုင်းများတွင်လည်း မိုးသည်းထန်စွာရွာသွန်းမည်ဖြစ်ကြောင်း ပြည်တွင်းမိုးဇလအေဂျင်စီက ကြိုတင်ခန့်မှန်းထားကြောင်းသိရသည်။ နီပေါပြည်ထဲရေးဝန်ကြီးဌာနက သက်ဆိုင်ရာဌာနများကို ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်မှုများ တိုးမြှင့်လုပ်ဆောင်ထားရန် တိုက်တွန်းထားကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.