Connect with us

Asia

နီပေါနိုင်ငံက ဆယ်ကျော်သက် မိန်းကလေးတစ်ဦး ၁၂၆ နာရီကြာ မရပ်မနားကခြင်းဖြင့် ဂင်းနစ်စံချိန်တင်

နီပေါနိုင်ငံက ဆယ်ကျော်သက် မိန်းကလေးတစ်ဦး ၁၂၆ နာရီကြာ မရပ်မနားကခြင်းဖြင့် ဂင်းနစ်စံချိန်တင်ခဲ့သော Bandana Nepal အား တွေ့ရစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံမှ အသက် ၁၇ နှစ်အရွယ် မိန်းကလေး Bandana Nepal သည် ၁၂၆ နာရီကြာ မရပ်မနားကခုန်ပြီး “တစ်ကိုယ်တော် မရပ်မနား အချိန်ကြာဆုံး ကခုန်ခြင်း” ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ကြောင်း သိရသည်။

Bandana Nepal သည် ဂင်းနစ်စံချိန်တင်နိုင်ရန် နိုဝင်ဘာလ ၂၃ ရက်မှစ၍ နိုဝင်ဘာလ ၂၈ ရက်နေ့လယ်ပိုင်းထိ တစ်ကိုယ်တော်ကခုန်ခဲ့ကြောင်း အဆိုပါ ဂင်းနစ်စံချိန်ဝင်ရေးပြိုင်ပွဲ စီမံခန့်ခွဲမှု တာဝန်ရှိသူများထံမှ သိရသည်။

၎င်းသည် ခတ္တမန္ဒူမြို့ရှိ Big Foodland စားသောက်ဆိုင်ခန်းမ၌ မိသားစုဝင်များ၊ မီဒီယာနှင့် အများပြည်သူများအပါအဝင် မျက်မြင်သက်သေများရှေ့မှောက်တွင် နီပေါ ဂီတဖြင့် ကခဲ့ခြင်းဖြစ်သည်။

Bandana သည် ၁၂၆ နာရီ ကခုန်ခြင်းဖြင့် ၂၀၁၁ ခုနှစ်က ၁၂၃ နာရီ ၁၅ မိနစ်ကြာ ကခုန်ပြီး စံချိန်တင်ခဲ့သော အိန္ဒိယနိုင်ငံမှ Kalamandalam Hemlatha ၏ စံချိန်ကို ချိုးနိုင်ခဲ့သည်။

Bandana သည် ၆ ရက်ကြာ အိပ်စက်ခြင်း၊ အနားယူခြင်း၊ အစားအသောက် မည်မည်ရရစားသောက်ခြင်းမရှိဘဲ တင်ပါးကို မရပ်မနားလှုပ်ရမ်းကာ လည်တိုင်ခါရမ်းနေရသည့်ကြားမှ မျက်နှာထက်ဝယ် အပြုံးဆင်မြန်းပြီး ရည်မှန်းထားသည့် နာရီရောက်သည့်တိုင်အောင် ကခုန်နေခဲ့သည်။

၎င်းအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ မရပ်မနား လှုပ်ရှားမှုနှင့် စိတ်ပိုင်းဆိုင်ရာ အနားမယူရခြင်းကြောင့် အင်တာဗျူးအတွက် လောလောဆယ် မဖြေကြားနိုင်သေးသော်လည်း မီဒီယာနှင့် ပရိသတ်များကို ပြုံးပြနေခဲ့သည်ဟု ဆိုသည်။

Bandana သည် လက်ရှိတွင် ခတ္တမန္ဒူတွင် Greade 12 ၌ စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်ကို သင်ယူလျက်ရှိသည်။

တင်ဆက်မှုပြုလုပ်နေစဉ်အတွင်း Bandana အား မိသားစုများနှင့် မိတ်ဆွေများက ထောက်ပံ့ပေးခဲ့သည်။ ခေတ္တနားနေချိန်များတွင် ၎င်းသည် အားဖြည့်အချိုရည်၊ နွားနို့နှင့် အာဟာရမြင့် အစားအသောက်ကို ဖြည့်စွက်စားသောက်ခဲ့ကြောင်း သိရသည်။

“ကျွန်မတို့ရဲ့ မျိုးဆက်မှာ အမျိုးသမီးတွေအတွက် ကဖို့ ဒါမှမဟုတ် လူအများကို ပြုံးပြဖို့အတွက်တောင်မှ ခက်ခဲပါတယ်။ ဒါပေမဲ့ ဒီခေတ်မှာတော့ ပြောင်းလဲခဲ့ပါပြီ။ ကျွန်မရဲ့ မြေးမလေးရဲ့ နာမည်ကို ကမ္ဘာတစ်ဝန်း ထိန်းထားနိုင်ပြီဖြစ်လို့ သူ့အတွက် ဂုဏ်ယူပါတယ်” ဟု Bandana ၏ အသက် ၆၃ နှစ်အရွယ် အဘွားက ဆင်ဟွာသတင်းဌာနနှင့်တွေ့ဆုံစဉ် ၎င်း၏ ပျော်ရွှင်မှုကို ပြောပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.