Connect with us

Asia

နီပေါနိုင်ငံတွင် ယခုနှစ်မိုးရာသီကာလအတွင်း သေဆုံးသူ အနည်းဆုံး ၉၈ ဦးရှိ

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တွင် ဇူလိုင် ၁၂ ရက်က ရေကြီးရေလျှံဖြစ်ပွားနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ခတ္တမန္ဒူ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ)

နီပေါနိုင်ငံ အနောက်ပိုင်း Gulmi ခရိုင်တွင် ဇူလိုင် ၂၃ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားရာ အနည်းဆုံး လူ ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ အချင်းဖြစ်ရပ် အပါအဝင် နီပေါတွင် ယခုနှစ် မိုးရာသီကာလအတွင်း သေဆုံးသူသည် ၉၈ ဦး အထိ မြှင့်တက်သွားပြီဖြစ်ကြောင်း သိရသည်။

Gulmiခရိုင် တွင် ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြိုခြင်း၊ နေအိမ်ပြိုလဲပျက်စီးခြင်း များ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၈ ဦး သေဆုံးပြီး ၄ ဦး ပျောက်ဆုံးခဲ့ကြောင်း Gulmiခရိုင်အရာရှိ Yadunath Poudel က ဆင်ဟွာကို ဖုန်းဖြင့်ပြောကြားခဲ့သည်။

နီပေါနိုင်ငံတွင် ယခုနှစ်မိုးရာသီကာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုခြင်း နှင့်ယင်းကြောင့်ဖြစ်ပွား သည့် ဆက်စပ်ဘေးအန္တရာယ်များကြောင့် သေဆုံးသူသည် ၉၈ ဦး ရှိပြီဖြစ်ကြောင်း ယင်းနိုင်ငံ ပြည်ထဲ ရေးဝန်ကြီးဌာန၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအသစ်များအရ သိရသည်။ ထို့အပြင် လူ ၄၀ ခန့် ပျောက်ဆုံးနေပြီး လူပေါင်း ၃၃၀၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နီပေါနိုင်ငံ၏ မိုးရာသီတွင် ဇူလိုင်လနှင့်သြဂုတ်လသည် မိုးရေချိန်အများဆုံးကာလဖြစ်သည်။ လွန်ခဲ့သော နှစ်ပတ်ခန့်က ရေကြီးရေလျှံမှုများ ဖြစ်ပွားရာ တစ်နိုင်ငံလုံးရှိ ၇၇ ခရိုင်တွင် ခရိုင်ပေါင်း ၃၁ ခရိုင် ရေဘေးဒဏ်သင့်ခဲ့ပြီး လူပေါင်း ၃၅၀,၀၀၀ ခန့် ရေဘေးဒဏ်ခံခဲ့ရကြောင်း သိရသည်။ အရေးပေါ်ကူညီကယ်ဆယ်မှုများကိုဆောင်ရွက်ရန် နီပေါအစိုးရက လုံခြုံရေးဝန်ထမ်းများ သောင်းနှင့်ချီစေလွှတ်ခဲ့ကြောင်းသိရသည်။ နီပေါ လမ်းတံတားဦးစီးဌာနက နိုင်ငံတစ်ဝန်း အမြန်လမ်းများ ပိတ်ဆို့များဖြစ်ပွားခဲ့ကြောင်း ၊ ပျက်စီးဆုံးရှုံးမှုများပြားသည့် လမ်းတံတား ၅၀ ခန့် ရှိရာ ပြန်လည် တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၂ သန်းကျော် လိုအပ်ကြောင်း ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.