Connect with us

Asia

နီပေါနိုင်ငံတွင် သက်ကြီးရွယ်အိုများအား တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ပေးသည့် COVID-19 ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

ခတ္တမန္ဒူမြို့တွင် ဇွန် ၈ ရက်က နီပေါနိုင်ငံသား တစ်ဦး တရုတ်နိုင်ငံမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူနေစဉ်(ဆင်ဟွာ)

ခတ္တမန္ဒူ ၊ ဇွန် ၉ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံတွင် ဇွန်လ ၈ ရက်မှစတင်၍ ပထမအဆင့် COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်း စတင်ခဲ့ပြီး တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ပေးထားသည့် COVID-19 ရောဂါကာကွယ်ဆေးဖြင့် လူပေါင်း ၅ သိန်းခန့်ကို ထိုးနှံပေးသွားမည်ဖြစ်ကာ အဓိကဦးစားပေးအနေဖြင့် သက်ကြီးရွယ်အိုများကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။နီပေါ နိုင်ငံ ကျန်းမာရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ အစီအစဉ်အရ ယခုအဆင့် ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းတွင် အဓိကအားဖြင့် ခတ္တမန္ဒူတောင်ကြားဒေသရှိ အသက် ၆၀ မှ ၆၄ နှစ်အရွယ် သက်ကြီးရွယ်အိုများနှင့် တောင်ကြားဒေသပြင်ပရှိ အသက် ၆၂ နှစ် မှ ၆၄ နှစ်အရွယ်ရှိ သက်ကြီးရွယ်အိုများကို ဦးစားပေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ၊ ထို့ပြင် နီပေါနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာတွင် ကာကွယ်ဆေးမထိုးနှံရသေးသည့် ဆေးဘက်ဆိုင်ရာဝန်ထမ်း နှင့် ဆေးကျောင်း မှ ကျောင်းသားများကိုလည်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ မှထုတ်လုပ်သော COVID-19 ရောဂါကာကွယ်ဆေးသည် လုံခြုံပြီးထိရောက်မှုရှိသည်ကို အတည်ပြုခဲ့ပြီးဖြစ်ကြောင်း ၊ နီပေါနိုင်ငံ အနေဖြင့် ဒေသအသီးသီး၏ လိုအပ်ချက်အရ တရုတ်နိုင်ငံ မှ ကူညီထောက်ပံ့ပေးသည့် ကာကွယ်ဆေးများကို ခွဲဝေမှု ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း နီပေါနိုင်ငံ ကျန်းမာရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူမှုဖူလုံရေးဦးစားဌာန အရာရှိ တာရာနတ်ပိုကယ်ရီ က ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

နီပေါနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလတွင် COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးသည့် အစီအစဉ်အား စတင်ခဲ့သော်လည်း ကာကွယ်ဆေးမလုံလောက်မှုကြောင့် ဆေးထိုးနှံမှုလုပ်ငန်းကို မကြာခဏ ရပ်ဆိုင်းခဲ့ရသည်။ နီပေါနိုင်ငံ ကျန်းမာရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၏ စာရင်းပြုစုချက်အရ နီပေါနိုင်ငံတွင် လူဦးရေပေါင်း သန်း ၃၀ ခန့်ရှိရာတွင် လက်ရှိချိန်ထိ လူပေါင်း ၂.၁၁ သန်းမှာ ပထမကြိမ် ကာကွယ်ဆေးထိုးနှံမှု ခံယူထားပြီး လူပေါင်း ၆၉၀,၀၀၀ မှာ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံမှုခံယူထားပြီးဖြစ်ကြောင်း သိရှိရသည်။

နီပေါနိုင်ငံတွင် ယခုနှစ် ဧပြီလဆန်းပိုင်းမှစတင်၍ COVID-19 ကပ်ရောဂါလှိုင်းအသစ် ဖြစ်ပွားခဲ့ပြီး မေလသို့ ရောက်ရှိချိန်တွင် ရက်များစွာ၌ နေ့စဉ် ရောဂါထပ်မံကူးစက်ခံရသူဦးရေသည် ၈,၀၀၀ မှ ၉,၀၀၀ အထိရောက်ရှိလာခဲ့ကြောင်း ၊ ခတ္တမန္ဒူတောင်ကြားဒေသသည် ကပ်ရောဂါအဆိုးရွားဆုံး ဖြစ်ပွားခဲ့ကြောင်း ၊ လက်ရှိချိန်တွင် တောင်ကြားဒေသ၌ ရောဂါထပ်မံကူးစက်ခံရမှု နှင့် သေဆုံးမှု မှာ ကျဆင်းလာခဲ့သော်လည်း ယင်းဒေသ၏ ကပ်ရောဂါကာကွယ်ရေးအလားအလာက ဆေးဘက်ဆိုင်ရာ အဆောက်အဦ နှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်း မလုံလောက်မှုတို့ကြောင့် အခြေအနေတိုးတက်ကောင်းမွန်ခြင်းမရှိကြောင်း သိရှိရသည်။

နီပေါနိုင်ငံ ကျန်းမာရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၏ ဇွန်လ ၈ ရက်၌ ထုတ်ပြန်ခဲ့သော ကပ်ရောဂါဆိုင်ရာ စာရင်းပြုစုချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါထပ်မံ ကူးစက်ခံရသူ ၃,၈၇၀ ဦးရှိပြီး ကူးစက်ခံရသူစုစုပေါင်း ၅၉၅,၃၆၄ ဦးအထိရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးသူ ၁၀၈ ဦးရှိပြီး ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၈,၀၉၈ ဦးအထိရောက်ရှိလာကာ ရောဂါမှပြန်လည်သက်သာလာသူစုစုပေါင်း ၅၀၄,၅၃၀ ဦးရှိကြောင်း သိရသည်။ (Xinhua)

——————————————————-
(Chinese Version)

(国际疫情)尼泊尔开始为老年人接种中国援助新冠疫苗

新华社加德满都6月8日电(记者易爱军 周盛平)尼泊尔8日开始新一阶段新冠疫苗接种,计划用中国援助的新冠疫苗为该国大约50万人接种,主要接种对象是老年人。

按照尼泊尔卫生和人口部安排,本阶段接种对象主要为加德满都谷地区域60岁至64岁老人和该谷地以外地区62岁至64岁老年人,此外还包括尼全国各地尚未接种新冠疫苗的医护人员和医学院学生等。

尼泊尔卫生和人口部家庭福利部门官员塔拉•纳特•波卡雷尔对新华社记者说,中国新冠疫苗被证实安全有效,尼方根据各县需求对中方援助的疫苗做了分配。

尼泊尔今年1月启动新冠疫苗接种计划,因疫苗供应不足,接种工作时断时续。据尼泊尔卫生和人口部数据,在尼全国约3000万人口中,迄今约211万人完成第一剂新冠疫苗接种,69万人接种两剂疫苗。

尼泊尔4月初以来发生新一波新冠疫情,5月大多数时候日增确诊病例高达八九千例,其中加德满都谷地是重灾区。目前该谷地的新增新冠感染和死亡病例数正在下降,但其他地区的防疫形势因医疗设施和医护人员不足而不容乐观。

据尼泊尔卫生和人口部8日发布的疫情数据,该国较前一日新增新冠确诊病例3870例,累计确诊595364例;新增死亡108例,累计死亡8098例;累计治愈504530例。(完)

Photo
6月8日,一名尼泊尔人在加德满都接种中国援助新冠疫苗。新华社发(苏拉韦•什雷斯塔摄)