Connect with us

Asia

နီပေါ ငလျင် တစ်နှစ်ပြည့် အောက်မေ့ခြင်း အခမ်းအနား ကျင်းပ

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် သမိုင်းဝင် Dharahara တာဝါ ဥပစာတွင် အောက်မေ့ဖွယ် အစီအစဉ် ကျင်းပနေစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံတွင် လာမည့် ဧပြီလ ၂၅ ရက်တွင် ကျရောက်မည့် ပြင်းအား ၇.၉ မဂ္ဂနီကျုရှိသည့် ငလျင်ကြောင့် သေဆုံးခဲ့သူများအား တစ်နှစ်ပြည့် အောက်မေ့ သတိရခြင်း အခမ်းအနားအား ယနေ့ (ဧပြီလ ၂၄ ရက်)တွင် ကျင်းပခဲ့ပြီး ခွဲခွာသွားသူများ၏ ဝိဉာဉ်များအတွက် ဆုတောင်းပေးရန် ဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီ (KP Sharma Oli) ပန်ကြားခဲ့သည်။

ငလျင် တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ပြည်သူများက စုဝေးကာ ဝမ်းနည်းခြင်း အထိမ်းအမှတ် တွေ့ဆုံခြင်း များနှင့် အမျိုးမျိုးသော အောက်မေ့ဖွယ် အစီအစဉ်များဖြင့် ပြုလုပ်ခဲ့သည်။

မြို့တော် ခတ္တမန္ဒူတွင် ပြုလပ်သည့် အောက်မေ့ဖွယ် အစီအစဉ် တစ်ခုတွင်လည်း ဝန်ကြီးချုပ် အိုလီ ခေါင်း ဆောင်ကာ ငလျင်ကြောင့် သေဆုံးသွားသူများ၊ ဒဏ်ရာရခဲ့သူများ၊ အိုးအိမ်များနှင့် နေထိုင်မှုဘဝများ ဆုံးရှုံးခဲ့မှု များအား သတိရအောက်မေ့ခြင်းအားဖြင့် တစ်မိနစ်ခန့် ငြိမ်သက်စွာနေခဲ့သည်။

၂၀၁၅ ခုနှစ် ဧပြီလ ၂၅ ရက်တွင် နီပေါနိုင်ငံ၌ လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် လူပေါင်း ၉၀၀၀ နီးပါး သေဆုံးခဲ့သည်။

ဒုတိယ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ အစိုးရ အဆင့်မြင့်အရာရှိများ၊ သံတမန် ကိုယ်စားလှယ်များ၊ လုံခြုံရေး အရာရှိများနှင့် ပြည်သူများ ပါဝင်လျက် သမိုင်းဝင် Dharahara တာဝါ ဥပစာတွင် အောက်မေ့ဖွယ် အစီအစဉ် ပြုလုပ်ခဲ့သည်။ ငလျင်ဒဏ်ကြောင့် အဆိုပါ သမိုင်းဝင် တာဝါမှာ လုံးဝနီးပါး ပြိုကျခဲ့ကာ ယင်းနေရာတွင် လူ ပေါင်း ၁၀၀ ကျော်လည်း သေဆုံးခဲ့သည်။

သဘာဝဘေးအလွန် ပြန်လည် တည်ဆောက်ရေးအား အလေးထားလျက် ငလျင်ဒဏ် အဆိုးဝါးဆုံး ထိခိုက်ခဲ့ သည့်ခရိုင် ၁၄ ခုတွင် ဧပြီလ ၂၄ ရက်မှ ၂၆ ရက်အထိ အထူးအစီအစဉ်များဖြင့် အစိုးရက ဦးဆောင်ဦးရွက်ပြု ကာ ကျင်းပသွားမည် ဖြစ်သည်။

သဘာဝဘေးအလွန် လိုအပ်ချက်များ အကဲဖြတ်မှု တင်ပြချက်အရ နီပေါနိုင်ငံ ပြန်လည်ထူထောင်ရေး လုပ်ငန်း အတွက် အမေရိကန် ဒေါ်လာ ၇ ဘီလီယံ နီးပါး လိုအပ်မည် ဖြစ်ပြီး နိုင်ငံတကာ အလှူရှင်များက ဒေါ်လာ ၄.၁ ဘီလီယံ ထောက်ပံ့ပေးမည် ဟု ကတိပြုထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.