Connect with us

Asia

ပင်လယ်ရေကြောင်းဆိုင်ရာ ကိစ္စရပ်များကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ရန် တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ သဘောတူ

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ယာ) နှင့် ဗီယက်နမ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh တို့ သြဂုတ်လ ၃ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

စင်ကာပူ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသော တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဗီယက်နမ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh တို့သည် သြဂုတ်လ ၃ ရက်တွင် စင်ကာပူနိုင်ငံ၌ တွေ့ဆုံကာ ပင်လယ်ရေကြောင်းဆိုင်ရာ ကိစ္စရပ်များအား သင့်တင့်လျောက်ပတ်စွာ ဆောင်ရွက်ရန် သဘောတူခဲ့ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် စင်ကာပူနိုင်ငံ၌ သြဂုတ်လ ၂ ရက်မှ ၄ ရက်အထိ ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများ အသင်း (ASEAN) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပစဉ် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

တရုတ်-ဗီယက်နမ် ဆက်ဆံရေးသည် ဖွံ့ဖြိုးတိုးတက်မှု ကောင်းမွန်သော အရှိန်အဟုန်ကို ထိန်းသိမ်းထားရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံနှင့်အတူ နယ်ပယ်များစွာ၌ နှစ်နိုင်ငံဆက်ဆံရေး နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်လိုကြောင်းနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ကြိုးပမ်းလိုကြောင်း ဝမ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးအနေဖြင့် ပင်လယ်ရေကြောင်းဆိုင်ရာ ကိစ္စရပ်များအား သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ရေးတွင် နိုင်ငံရေးအရ အရေးကြီးသော သဘောတူညီထားကြကြောင်း ဝမ်က ဆိုသည်။

ဗီယက်နမ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh က ဗီယက်နမ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံနှင့် ပါတီနှစ်ရပ်အကြား မတူညီသော အဆင့်များတွင် ပိုမိုအဆင့်မြင့် ဆက်သွယ်မှုရှိရန် မျှော်လင့်ကြောင်း၊ ရင်းနှီးမြှုပ်နှံရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဗီယက်နမ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ လက်တွဲကာ နှစ်နိုင်ငံ ခေါင်းဆောင်များ ထားရှိခဲ့သော အရေးကြီးသည့် သဘောတူညီချက်ကို အကောင်အထည်ဖော်ရန်နှင့် ပင်လယ်ရေကြောင်းဆိုင်ရာ ကိစ္စရပ်များအား သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.