Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံတွင် ပြင်းအား ၆.၁ ရှိသော ငလျင်လှုပ်

ငလျင်ကြိမ်နှုန်းတိုင်းတာမှုပြပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း မာလူကူကျွန်းပြင်ပတွင် သြဂုတ် ၃ ရက်က အင်အား ၆.၁ ရှိသော အင်အားပြင်း ငလျင် တစ်ခုလှုပ်ခတ်ခဲ့ပြီး ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း မိုးလေဝသနှင့် ဘူမိရူပဗေဒလုပ်ငန်း၏ သတင်းဖော်ပြချက်အရ သိရသည်။

အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် နေ့လယ် ၁၂း၄၂ နာရီအချိန်၊ Maluku Tenggara အနောက်တောင်ဘက် ၄၃ ကီလိုမီတာနှင့် မြေအောက်အနက် ၆၅ ကီလိုမီတာအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဘူမိရူပဗေဒလုပ်ငန်းက Yusuf Khaidar Ali က ပြောကြားခဲ့သည်။

“ဒီငလျင်ကြောင့် ဆူနာမီဖြစ်နိုင်ခြေမရှိသေးပါဘူး။ ဒါကြောင့် ဆူနာမီ သတိပေးချက် မထုတ်ပြန်တာပါ” ဟု ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ယင်းငလျင်ကြောင့် လူသေဆုံးမှုနှင့် အပျက်အစီး တစ်စုံတစ်ရာ မရှိသေးကြောင်း အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေး စီမံခန့်ခွဲလုပ်ငန်း၏ ပြောရေးဆိုခွင့်ရှိသူ စူတိုပို ပါဝူ နူဂရိုဟိုက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.