Connect with us

Asia

ပါကစ္စတန်နိုင်ငံတွင် စစ်သွေးကြွ ၂၆၅ဦး လက်နက်ချ အညံ့ခံ

ပါကစ္စတန်နိုင်ငံတွင် ယခင်က လက်နက်ချ အလင်းဝင်လာခဲ့သည့် စစ်သွေးကြွများအား လက်နက်များ နှင့်အတူတွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochitstan ပြည်နယ် တွင် စက်တင်ဘာ ၁၈ ရက်က တရားမဝင် အစိုးရဆန့်ကျင်ရေး စစ်သွေးကြွအဖွဲ့များစွာ မှ အဓိက အဖွဲ့ခေါင်းဆောင်များအပါအဝင် အနည်းဆုံး စစ်သွေးကြွ ၂၆၅ဦး အစိုးရထံ လက်နက်ချ ခဲ့ကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြခဲ့သည်။

စစ်သွေးကြွများသည် Balochitstan ပြည်နယ် မြို့တော် Quetta မြို့ တွင် လက်နက်ချ အညံ့ခံခဲ့ကြောင်း အစိုးရတာဝန်ရှိသူများကပြောကြားခဲ့သည်။

ယင်း စစ်သွေးကြွ ၂၆၅ဦးသည် အကြမ်းဖက်မှုအား စွန့်လွှတ်ပြီး နိုင်ငံရေးလမ်းကြောင်းပေါ်သို့ ဝင်ရောက်ကာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နှင့် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်သွားရန် ကတိပြုခဲ့ကြကြောင် ပြည်တွင်းသတင်းများ၌ ဖော်ပြခဲ့သည်။

ထိုသို့ စစ်သွေးကြွများ လက်နက်ချ အညံ့ခံမှုသည် လက်ရှိလုပ်ဆောင်နေသော ပြည်နယ်အတွင်း နိုင်ငံရေးအရ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ၎င်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေး အမျိုးသားလုပ်ငန်းဆောင်ရွက်မှု အစီအစဉ် အောက်တွင် ၂၀၁၅ခုနှစ်မှ စ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယခုအချိန်အထိ ခန့်မှန်းခြေ စစ်သွေးကြွ ၂,၀၀၀ဦး အာဏာပိုင်များထံ လက်နက်ချခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.