Connect with us

Asia

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် မိုးရွာသွန်းခြင်းနှင့် ဆက်စပ်သည့် ဖြစ်ရပ်များကြောင့် လူ ၁၀ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

အစ္စလာမ်မာဘတ်၊ ဇွန် ၁ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် မေ ၃၁ ရက် ညနေပိုင်းက မိုးရွာသွန်းခြင်းနှင့် ဆက်စပ်သော ဖြစ်ရပ်များအတွင်း လူ ၁၀ ဦးထက်မနည်း သေဆုံးကာ အခြားသူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။ပန်ဂျပ်ပြည်နယ်၊ အိုကာရာမြို့ရှိ Tariq Abad နယ်မြေတွင် မုန်တိုင်းတိုက်ခတ်စဉ် ခေါင်မိုးပြိုကျခဲ့ရာ လူ ၈ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများအရ သိရသည်။

အခင်းဖြစ်ရာနေရာသို့ ဒေသခံများနှင့် ကယ်ဆယ်ရေးအဖွဲ့များ ချက်ချင်းရောက်ရှိလာခဲ့ပြီး သေဆုံးသူများအား သယ်ဆောင်သွားသလို ဒဏ်ရာရသူများအား ဆေးရုံသို့ ပို့ဆောင်ခဲ့ကြသည်။

သေဆုံးသူများမှာ အမျိုးသမီး ၃ ဦး၊ ကလေးငယ် ၄ ဦးနှင့် အမျိုးသား ၁ ဦးတို့ဖြစ်ပြီး ဒဏ်ရာရသူများမှာမူ မသိရသေးပေ။အိုကာရာခရိုင်၊ Hujra Shah Muqeem နယ်မြေတွင်မူ အမျိုးသား ၁ ဦးလမ်းလျှောက်နေစဉ် ၎င်းအပေါ်သို့ နံရံပြိုကျသဖြင့် သေဆုံးသွားကြောင်းလည်း သိရသည်။

နောက်ထပ် သေဆုံးသူ အမျိုးသားတစ်ဦးမှာမူ ယင်းပြည်နယ်ရှိ Toba Tek Singh ခရိုင်တွင်ဖြစ်ပြီး မိုးကြိုးပစ်ခံရခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံတစ်ဝန်း ဒေသအတော်များများ၌ လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ မိုးသက်မုန်တိုင်းများ ဖြစ်ပေါ်နိုင်ကြောင်း ပါကစ္စတန် မိုးလေဝသဌာနက ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)
——————————————————
(English Version)

10 killed, 3 injured in rain-related incidents in Pakistan’s Punjab

ISLAMABAD, June 1 (Xinhua) — At least 10 people were killed and three others injured in different rain-related incidents in Pakistan’s eastern Punjab province on Monday evening, local media reported.
According to the reports, a roof collapsed in Tariq Abad area of Okara city of Punjab during a thunderstorm, leaving eight people dead and three injured.
Local people and rescue teams rushed to the site and shifted the bodies and the injured to a hospital.

The deceased included three women, four children and a man, while the identity of the injured is not known yet.In another incident, a person died after a wall fell on him when he was walking beside it in Hujra Shah Muqeem area of the Okara district.

Another man lost his life after he was hit by lightning in Toba Tek Singh district of the province.The Pakistan Meteorological Department Monday predicted thunderstorms along with strong winds in different parts of the country. Enditem

People with donkey carts wade through floodwater at a vegetable market after heavy rain in Lahore, the provincial capital of Pakistan’s eastern Punjab province, on Sept. 4, 2020. (Photo by Sajjad/Xinhua)