Connect with us

Asia

ပီရူးနိုင်ငံရှိ လျှိုမြောင်တစ်ခုအတွင်းသို့ ဘတ်စ်ကားပြုတ်ကျ၊ လူ ၁၉ ဦးသေဆုံး

ပီရူးနိုင်ငံတွင် လျှိုမြောင်အတွင်း ဘတ်စ်ကားတစ်စီး ပြုတ်ကျနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လီမာ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ပီရူးနိုင်ငံ မြောက်ပိုင်း La Libertad နယ်မြေရှိ လျှိုမြောင်တစ်ခုအတွင်းသို့ နိုဝင်ဘာ ၁၂ ရက်က ဘတ်စ်ကားတစ်စီး ပြုတ်ကျသွားခဲ့ရာ လူ ၁၉ ဦးထက်မနည်းသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပီရူး အမျိုးသား ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ဘတ်စ်ကားသည် လီမာမြို့မြောက်ပိုင်း ၅၅၇ ကီလိုမီတာအကွာ၊ Trujillo မြို့သို့ ဦးတည်သွားနေစဉ် နိုဝင်ဘာ ၁၂ ရက် နံနက်အစောပိုင်းက အနက် ၃၀၀ မီတာခန့်ရှိသော လျှိုမြောင်တစ်ခုအတွင်း ပြုတ်ကျသွားခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသားရဲတပ်ဖွဲ့ အရာရှိ လူးဝစ္စ  ကွန်ဗီနက်စ်က ပြောခဲ့သည်။

ယင်းနယ်မြေတွင် မြူခိုးများ သိပ်သည်းစွာကျဆင်းနေသည့်အတွက် ယခုကဲ့သို့ ဖြစ်ပွားရခြင်း ဖြစ်နိုင်ကြောင်း  ကွန်ဗီနက်စ်က ပီရူး ရေဒီယိုအစီအစဉ်သို့ ပြောခဲ့သည်။

ကနဦးစစ်ဆေးချက်များအရ Ibatursa သယ်ယူပို့ဆောင်ရေးကုမ္ပဏီမှ အဆိုပါဘတ်စ်ကားမှာ Callanca မြို့မှ Trujillo မြို့သို့သွားနေခြင်းဖြစ်ကြောင်း သိရသည်။

ပီရူးနိုင်ငံ၏ အဝေးပြေးလမ်းများမှာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂,၀၀၀ နှင့် ၃,၀၀၀ ကြား မြင့်မားသည့် Andes တောင်တန်းများရှိသည့် အခြေအနေများနှင့် သွင်ပြင်လက္ခဏာများကြောင့် မတော်မတဆမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.