Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူ ၅ ဦး သေဆုံးပြီး လူ ၄၀၀ နီးပါး ဒဏ်ရာရ

ဖိလစ်ပိုင်နိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ၊အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် အောက်တိုဘာ ၂၉ ရက်က အင်အား ၆ အဆင့်ကျော်ရှိသည့် အင်အားပြင်းငလျင်နှစ်ခု ဆက်တိုက်လှုပ်ခတ်ခဲ့ရာ လူ ၅ ဦးသေဆုံးပြီး လူ ၄၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း ဖိလစ်ပိုင်အမျိုးသား သဘာ၀ဘေးအန္တရာယ် လျော့ချရေး စီမံခန့်ခွဲမှု ကော်မတီက အောက်တိုဘာ ၃၀ ရက်တွင် အတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံMindanaoကျွန်း Cotabato ပြည်နယ်တွင် အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက ပြင်းအား ၆.၆ အဆင့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ငလျင်လှုပ်ခတ်ပြီး ၂ နာရီခန့် အကြာတွင် ငလျင်ဗဟိုချက်တူနေရာတွင် အင်အား ၆.၁ အဆင့် ရှိ နောက်ဆက်တွဲငလျင်လှုပ်ခတ်ခဲ့ ကြောင်း သိရသည်။လက်ရှိတွင် Cotabatoပြည်နယ်နှင့် ၎င်းအနီးရှိ South Cotabatoပြည်နယ်၊ Davao del Suryပြည်နယ်များတွင် သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ငလျင်လှုပ်ခတ်ခြင်းကြောင့် သဲကျောက်ရေစီးဆင်းမှုနှင့် နေအိမ်ပြိုကျမှုများဖြစ်ပွားရာ လူ ၅ ဦး သေဆုံးခဲ့သလို  လူ၃၉၄ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာ ငလျင်ကြောတွင် တည်ရှိရာ ငလျင် မကြာခဏ လှုပ်ခတ်လေ့ ရှိသည်။ ယခုလ ၁၆ ရက် ညပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ    Mindanaoကျွန်း၌ ပြင်းအား ၆.၃ အဆင့် ငလျင်လှုပ်ခတ်ခဲ့ရာ လူ ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။(Xinhua)