Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် မိုးသက်လေပြင်းကြောင့် ရေယာဉ်သုံးစီး တိမ်းမှောက်မှုဖြစ်ပွား ၊ အနည်းဆုံး လူ ၁၄ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံ ဖယ်ရီရေယာဉ်တိမ်းမှောက်မှုတွင် ရှာဖွေတွေ့ရှိသူများအား ကူညီကယ်ဆယ်မှုများ ပြုလုပ်နေစဉ် (ဆင်ဟွာ)

မနီလာ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းတွင် သြဂုတ် ၃ ရက် နေ့လည်ပိုင်းက မိုးသက်လေပြင်းကျရောက်မှုကြောင့် ခရီးသည်တင်ရေယာဉ်သုံးစီးတိမ်းမှောက်မှုဖြစ်ပွားရာ လက်ရှိအချိန်ထိ သေဆုံးသူ လူ ၁၄ ဦး ရှိပြီဖြစ် ေကြောင်း သိရသည်။

အချင်းဖြစ်ရပ်တွင် လူ ၂၀ ခန့်ပျောက်ဆုံးလျက်ရှိရာ ရှာဖွေကယ်ဆယ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း Iloiloမြို့ဘေးအန္တရာယ်ကယ်ဆယ်ရေးဌာန၏ ယနေ့ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။အဆိုပါ ရေယာဉ်သုံးစီးမှာ Iloiloမှ Guimaras သို့ မောင်းနှင်နေစဉ် မိုးသက်လေပြင်း ကျရောက်မှုကြောင့် သုံးနာရီအတွင်း အရှေ့ဆင့်နောက်ဆင့် တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် လှေပေါ်ပါလူ ၂၀ ခန့် ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။အပူပိုင်း လေဖိအားနည်းရပ်ဝန်းကြောင့် ယခုရက်ပိုင်းများအတွင်း ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းနှင့်မြောက်ပိုင်းဒေသများတွင် ရာသီဥတုအခြေအနေအပြောင်းအလဲများသလို မိုးသက်လေပြင်းမကြာခဏကျရောက်လေ့ရှိကြောင်း သိရသည်။ (Xinhua)