Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံသားများက တရုတ်နိုင်ငံထုတ် Sinovac COVID-19 ကာကွယ်ဆေး ပို၍နှစ်သက်ကြကြောင်း စစ်တမ်းတွင် ဖော်ပြ

မနီလာ ၊ မေ ၂၅ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံသားများက တရုတ်နိုင်ငံ ဆေးဝါးထုတ်လုပ်သူ Sinovac Biotech ၏ CoronaVac ကာကွယ်ဆေးကို အခြား COVID-19 ကာကွယ်ဆေးများထက် ပို၍ နှစ်သက်ကြကြောင်း မေ ၂၄ ရက်တွင် ထုတ်ပြန်သော လွတ်လပ်သော စစ်တမ်းတစ်ခုအရ သိရသည်။Social Weather Station(SWS) က နိုင်ငံအနှံ့ ဧပြီ ၂၈ ရက်မှ မေ ၂ ရက်အထိ အရွယ်ရောက်ပြီးသူ ဖိလစ်ပိုင်နိုင်ငံသား ၁,၂၀၀ ကို စာရင်းကောက်ခံခဲ့ရာတွင် ၃၉ ရာခိုင်နှုန်းသည် Sinovac Biotech က ပြုလုပ်သော COVID-19 ကာကွယ်ဆေးအား ပို၍ နှစ်သက်ကြကြောင်း ဖြေကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ကာကွယ်ဆေးထိုးနှံသည့် နေရာတစ်ခု၌ နှာခေါင်းစည်းတပ်ဆင်ထားသော ဒေသခံများက Sinovac ကာကွယ်ဆေး ထိုးနှံရန် စောင့်ဆိုင်းနေသည်ကို မတ်လအတွင်းက တွေ့ရစဉ်(ဆင်ဟွာ)

ယင်းစာရင်းကောင်ခံမှုကို ကျပန်းစနစ်ဖြင့် ကာကွယ်ဆေးအမျိုးအမည် ၁၀ ခုကို ဖြေဆိုသူများထံ ပေးအပ်ခဲ့ပြီး လူတစ်ဦးလျှင် ဆေးတစ်မျိုးထက် ပို၍ ရွေးချယ်ခွင့်ပြုခဲ့ကြောင်း SWS က ဆိုသည်။

“စစ်တမ်းအရ သဘောကျနှစ်သက်မှုစာရင်း ထိပ်ဆုံးမှာ Sinovac Biotech နဲ့ Pfizer-BioNTech ကာကွယ်ဆေးတို့ဟာ ၃၉ နဲ့ ၃၃ ရာခိုင်နှုန်း အသီးသီး နဲ့ ရပ်တည်နေတာကိုတွေ့ရပါတယ်”ဟု SWS က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပြီး Oxford-AstraZeneca က ၂၂ ရာခိုင်နှုန်း နှင့် Johnson & Johnson က ၁၀ ရာခိုင်နှုန်း ရှိကြောင်း ထည့်သွင်းဖော်ပြထားသည်။

ဖိလစ်ပိုင်နိုင်ငံ Mindanao ကျွန်းနှင့် Visayas ကျွန်းစုတို့၌ Sinovac Biotech သည် လူကြိုက်အများဆုံး ကာကွယ်ဆေးအမျိုးအစားအဖြစ် ၄၄ ရာခိုင်နှုန်းစီရှိနေသည်။အခြားတစ်ဖက်တွင် မနီလာမြို့၌ Sinovac Biotech နှင့် Pfizer-BioNTech တို့သည် ဦးစားပေးမှု တူညီကြပြီး နှစ်မျိုးစလုံးသည် ၃၇ ရာခိုင်နှုန်းဖြင့် ရပ်တည်နေကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

စစ်တမ်းကောက်ယူချိန်တွင် ဖိလစ်ပိုင်နိုင်ငံသည် COVID-19 ကာကွယ်ဆေး ၇ သန်းကျော် လက်ခံရရှိထားပြီး အများဆုံးမှာ Sinovac ကာကွယ်ဆေးများ ဖြစ်သည်။တရုတ်နိုင်ငံက ဖေဖော်ဝါရီ ၂၈ ရက်တွင် ဖိလစ်ပိုင်နိုင်ငံသို့ ပထမသုတ် Sinovac CoronaVac ကာကွယ်ဆေးများလှူဒါန်းခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ၌ မတ် ၁ ရက်တွင် ကာကွယ်ဆေး ထိုးနှံမှုများ စတင်ခဲ့ကြောင်း သိရသည်။ဖိလစ်ပိုင်နိုင်ငံသည် မေ ၂၄ ရက်အထိ သေဆုံးသူ ၁၉,၉၈၃ ဦး အပါအဝင် COVID-19 လူနာပေါင်း ၁,၁၈၄,၇၀၆ ဦး ရှိကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

Filipinos prefer China’s Sinovac COVID-19 vaccine: survey

MANILA, May 25 (Xinhua) — Filipinos prefer Chinese drugmaker Sinovac Biotech’s CoronaVac vaccine over other COVID-19 vaccines, according to an independent poll released on Monday.
A nationwide survey, conducted by Social Weather Station (SWS) from April 28 to May 2, found that 39 percent of the 1,200 adult Filipinos said they prefer the COVID-19 vaccine made by Sinovac Biotech.

The SWS said the respondents were provided with a list of 10 vaccines at random order and were allowed to choose more than one.

“The survey found Sinovac Biotech and Pfizer-BioNTech topping the list of preferred brands at 39 percent and 33 percent, respectively,” the SWS said in a statement, adding Oxford-AstraZeneca at 22 percent and Johnson & Johnson at 10 percent.

Sinovac Biotech is the most preferred brand in Mindanao (44 percent) and the Visayas (44 percent). On the other hand, Sinovac Biotech and Pfizer-BioNTech are equally preferred in Metro Manila (both at 37 percent), added the statement.

At the time of the survey, the Philippines has received over 7 million doses of COVID-19 vaccines in which most are Sinovac vaccines. China donated the first batch of Sinovac CoronaVac to the Philippines on Feb. 28, allowing the Southeast Asian country to kick off its vaccination drive on March 1.
The Philippines reported a total of 1,184,706 COVID-19 cases as of Monday, including 19,983 deaths.