Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ၌ လေပြင်းတိုက်ခတ်မှုကြောင့် လှေတိမ်းမှောက်မှုများအတွင်း သေဆုံးသူ ၂၅ ဦးထိရှိလာ

ဖိလစ်ပိုင်နိုင်ငံ၌ ယခင်ကဖြစ်ပွားခဲ့သော လှေတိမ်းမှောက်မှုတွင် ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

မနီလာ ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း Iloilo ပြည်နယ် နှင့် Guimaras ပြည်နယ် တို့၏ ကမ်းလွန်ပင်လယ်ပြင်တွင် သြဂုတ် ၃ ရက်တွင် ခရီးသည်တင် စက်လှေများ တိမ်းမှောက်နစ်မြုပ်မှုများအတွင်း သေဆုံးသူ အရေအတွက်မှာ ၂၅ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယနေ့( သြဂုတ် ၄ ရက်)တွင် ပြောကြားခဲ့သည်။

Iloilo ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲဗိုလ်မှူးချုပ် Rene Pamuspusan က ယနေ့ဒေသစံတော် မွန်းလွဲ ၁၂ နာရီ၌ သတင်းသမားများအား ပြောကြားရာတွင် လှေတိမ်းမှောက်မှုများ ဖြစ်စဉ်အတွင်း ရုပ်အလောင်း ၂၅ လောင်းကို ရှာဖွေတွေ့ရှိပြီး ဖြစ်ကြောင်း နှင့် အခြား လူ ၆ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဆိုသည်။

စက်လှေတိမ်းမှောက်မှုတွင် စုစုပေါင်း ခရီးသည် ၈၆ ဦး နှင့် လှေသမား ၁၃ ဦး ပါသွားကြောင်း နှင့် ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေလျက်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ ၎င်းစက်လှေများသည် Ilolio-Guimaras ရေလက်ကြားတွင် ခုတ်မောင်းနေစဉ် သြဂုတ် ၃ ရက်က မုန်တိုင်းဒဏ် ၃ နာရီခန့်ခံရပြီး နစ်မြုပ်သွားခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။စက်လှေအားလုံးသည် မုတ်သုံမိုးကြောင့် လှိုင်ကြီးသည့်ဒဏ် နှင့် မုန်တိုင်းလေပြင်းဒဏ်ကို အလူးအလိမ့်ခံစားခဲ့ရကြောင်း ၊ ၎င်း မိုးသက်လေပြင်းသည် Luzon ကျွန်း နှင့် အနောက်ပိုင်း Visayas ဒေသအပေါ် သက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)