Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ပြင်းအား ၅.၄ ပမာဏရှိသော ငလျင်လှုပ်ခတ်

ငလျင်လှုပ်ခတ်မှု ကြိမ်နှုန်းပြပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မနီလာ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ဧပြီလ ၁ ရက်၌ အင်အား ၅.၄ ပမာဏရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် မြေငလျင်ပညာအဖွဲ့ (Phivolcs) က ပြောကြားလိုက်သည်။

အဆိုပါ ငလျင်မှာ ဒေသစံတော်ချိန် နံနက် ၁၀း၁၆ နာရီက Dinagat ကျွန်းများရှိ Loreto မြို့ အရှေ့မြောက်၄၉ ကီလိုမီတာခန့်အကွာ၊ မြေအောက်အနက် ၃၀ ကီလိုမီတာအား ဗဟိုပြုကာလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ပြောကြားခဲ့သည်။

Dinagat ကျွန်းများသည် ဖိလစ်ပိုင်နိုင်ငံ ကာရာဂါဒေသရှိ ကျွန်းများပါဝင်သည့် ပြည်နယ်တစ်ခုဖြစ်ပြီး Leyte ပင်လယ်ကွေ့၏ တောင်ဘက်တွင် တည်ရှိသည်။

ငလျင်ဒဏ်အား ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ ဆာရီဂိုမြို့အပါအဝင် အနီးဝန်းကျင်ရှိမြို့များ၊ နိုင်ငံအလယ်ပိုင်းရှိ မြို့များ၌လည်း ခံစားခဲ့ရကြောင်း သိရသည်။ (Xinhua)