Connect with us

Asia

ဗီယက်နမ်နိုင်ငံ ဒုတိယသမ္မတက ယာယီသမ္မတဖြစ်လာ

ဗီယက်နမ်နိုင်ငံ ဒုတိယသမ္မတ Dang Thi Ngoc Thinh အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ သမ္မတ Tran Dai Quang ကွယ်လွန်ခဲ့ပြီး နှစ်ရက်အကြာတွင် ဒုတိယသမ္မတ Dang Thi Ngoc Thinh သည် စက်တင်ဘာလ ၂၃ ရက်တွင် ယာယီသမ္မတဖြစ်လာခဲ့ကြောင်း Vietnam News Agency အရ သိရသည်။

Thinh ၏ ရာထူးသစ်အတွက် ကြေညာချက်ကို ဗီယက်နမ်နိုင်ငံ အမျိုးသားညီလာခံ အမြဲတမ်းကော်မတီ၏ ကိုယ်စား အမျိုးသားညီလာခံ ဥက္ကဋ္ဌ Nguyen Thi Kim Ngan က စက်တင်ဘာလ ၂၃ ရက်၌ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

Thinh သည် ၂၀၁၆ ခုနှစ် ဧပြီလမှစ၍ ဒုတိယသမ္မတတာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။

၎င်းသည် ဥပဒေပြုလွှတ်တော်က သမ္မတသစ်အား ရွေးချယ်ခြင်းမပြုမီတိုင်အောင် ယာယီသမ္မတအဖြစ် တာဝန်ယူမည် ဖြစ်သည်။ (Xinhua)