Connect with us

Asia

ဗီယက်နမ်၌ နှစ်စဉ်အမျိုးသမီး ၁ဝဝဝ ခန့်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံနေရ

ဗီယက်နမ်ကလေးငယ်များအား လိင်အကြမ်းဖက်မှုဆိုင်ရာ ပညာပေးရေး သင်ကြားနေစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း ၊ နိုဝင်ဘာ ၁ဝ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ၌ နှစ်စဉ် အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၁ဝဝဝ ဦး ခန့်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရကြောင်း ဗီယက်နမ်နိုင်ငံ အလုပ်သမား၊တရားမဝင်နေထိုင်သူများ နှင့် လူမှုရေးရာဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ပြည်တွင်းသတင်းမီဒီယာများက နိုဝင်ဘာလ ၁ဝ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အသက် ၅၈ နှစ် အထက် ဗီယက်နမ်းအမျိုးသမီးများသည် ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ (သို့မဟုတ်) လိင်ပိုင်ဆိုင်ရာ စော်ကားမှုကို ၎င်းတို့ဘဝသက်တမ်းတစ်လျှောက် အနည်းဆုံး တစ်ကြိမ်ခန့်ကြုံတွေ့ခဲ့ရကြောင်း Tien Phong နေ့စဉ်သတင်းစာက ရေးသားထားသည်။

ဗီယက်နမ်နိုင်ငံတွင် အမျိုးသမီးကြီးများ နှင့် အမျိုးသမီးငယ်များ လိင်ပိုင်စော်ကားခံရမှုမှ ကာကွယ်ပေးနိုင်ရန်အတွက် ကျား/မ တန်းတူညီမျှခွင့် နှင့် လိင်အမျိုးအစားပေါ်အခြေခံ၍ အကြမ်းဖက်မှုကာကွယ်ရေး နှင့် တိုက်ဖျက်ရေးကို လုပ်ဆောင်သွားရန် တစ်လကြာ အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်ကို ဝန်ကြီးဌာနက လုပ်ဆောင်ရန်ရှိနေသည်။ အဆိုပါ အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်ကို နိုဝင်ဘာလ ၁၅ ရက် မှ ဒီဇင်ဘာလ ၁၂ ရက် အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.