Connect with us

Asia

ဗီယက်နမ်-လာအို မူးယစ်ဆေး ကုန်ကူးသည့် ကွင်းဆက်အဖွဲ့ဝင် အဖမ်းခံရ

ဖမ်းဆီးရမိသော ဘိန်းဖြူထုပ်များနှင့် စိတ်ကြွဆေးများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ မူးယစ်ဆေးများ မှောင်ခို တင်သွင်းသည့် ဂိုဏ်းတစ်ခု၏ အဖွဲ့ဝင် ဒေသခံ အမျိုးသား တစ်ဦး အား ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Nghe An စီရင်စုတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒေသခံ မီဒီယာက အောက်တိုဘာလ ၃ ရက်တွင် သတင်းဖော်ပြထားသည်။

Nghe An စီရင်စုတွင် နေထိုင်သော အသက် ၂၇ နှစ်အရွယ် Pham Van Tung ကို ဘိန်းဖြူတုံး ၂၀ ခု၊ စိတ်ကြွဆေး ၁ ကီလိုဂရမ်၊ မူးယစ်ဆေးတောင့် ၁၂,၀၀၀ ခုနှင့်အတူ ဖမ်းဆီးမိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့၏ ပြောကြားချက်အား Tien Phong (Pioneer) နေ့စဉ် သတင်းစာ၌ ဖော်ပြထားသည်။

၎င်းသည် လာအိုနှင့် Nghe An တွင် ပမာဏများစွာ တရားမဝင် မူးယစ်ကုန်သွယ်နေသည့် မူးယစ်ဂိုဏ်း အဖွဲ့ဝင် တစ်ဦး ဖြစ်ကြောင်း သိရသည်။

ဗီယက်နမ် ဥပဒေအရ ဘိန်းဖြူ ၆၀၀ ဂရမ်ကျော်နှင့် စိတ်ကြွဆေး ၂.၅ ကီလိုဂရမ်နှင့်အထက် ကုန်ကူးခြင်းသည် သေဒဏ်အထိ ပြစ်ဒဏ်ပေးနိုင်ကြောင်း သိရသည်။ ဘိန်းဖြူ ၁၀၀ ဂရမ် သို့မဟုတ် အခြား တရားမဝင် မူးယစ်ဆေး ၃၀၀ ဂရမ် ထုတ်လုပ်ခြင်း သို့မဟုတ် ကုန်သွယ်ခြင်း ပြုလုပ်ပါကလည်း သေဒဏ်ကျခံရမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.