Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒုတိယအကြီးဆုံးလေဆိပ်တွင် ရွှေချောင်း ၂၀၀ ဖမ်းမိ

ရွှေချောင်းများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဒါကာ၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ချတ်တိုဂရမ် ပင်လယ်ဆိပ်ကမ်းမြို့ရှိ နိုင်ငံ၏ ဒုတိယအကြီးဆုံး လေဆိပ်တွင် ဧပြီလ ၈ ရက် နံနက်ပိုင်း၌ အကောက်ခွန် အရာရှိများက အလေးချိန် ၂၃ ကီလိုဂရမ်ကျော်ရှိသော ရွှေချောင်း ၂၀၀ ဖမ်းမိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“Biman Bangladesh လေကြောင်းလိုင်းရဲ့ လေယာဉ်တစ်စင်းရှိ သန့်စင်ခန်းထဲမှာ ရွှေချောင်း ၂၀၀ စွန့်ပစ်ထားတာ တွေ့ရှိခဲ့တယ်” ဟု အမည်မဖော်လိုသူ အကောက်ခွန်ဌာန တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

Biman Bangladesh လေကြောင်းလိုင်းမှ လေယာဉ်သည် ဒူဘိုင်းမြို့မှ ဒေသစံတော်ချိန် နံနက် ၆း၀၀ နာရီ ခန့်က မြို့တော် ဒါကာ၏ အရှေ့တောင်ဘက် ၂၄၂ ကီလိုမီတာခန့်အကွာရှိ ချတ်တိုဂရမ်မြို့သို့ ဆိုက်ရောက်လာခဲ့သည်။

တာဝန်ရှိသူ၏ အဆိုအရ ထိုရွှေချောင်းများမှာ တန်ဖိုးအားဖြင့် တာကာ သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၁.၄၃ သန်းခန့်) ရှိကြောင်း သိရသည်။

ယင်းရွှေချောင်းများ ဖမ်းမိခြင်းနှင့် ပတ်သက်၍ ဆက်စပ်ဖမ်းဆီးထားသူ တစ်စုံတစ်ယောက်မျှမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.