Connect with us

Asia

ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ အထည်ချုပ် စက်ရုံ တစ်ခု ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ရာ ၉ ဦး သေဆုံးပြီး ၃၅ ဦး ဒဏ်ရာရရှိ

ဘင်္ဂလားဒေ့ရှ် နိုင်ငံ တွင် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည့် အထည်ချုပ် စက်ရုံ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒါကာ ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာ မြို့ပြင်ရှိ အထည်ချုပ်စက်ရုံ တစ်ခု သည် ဇူလိုင်လ ၃ ရက်နေ့ညပိုင်း အချိန်တွင် ဘွိုင်လာအိုး ပေါက်ကွဲမှု ဖြစ်ပွားကာ မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့သောကြောင့် ၉ ဦးသေဆုံးပြီး ၃၅ ဦး ဒဏ်ရာရရှိခဲ့သည်။

အစိုးရဌာန ၏ သတင်းထုတ်ပြန်ချက်အရ ဒါကာ မြို့ပြင်ရှိ အထည်ချုပ် စက်ရုံ ပေါက်ကွဲမှုကြောင့် စက်ရုံ အဆောက်အဦ အစိတ်အပိုင်း အချို့ပျက်စီးသွား ခဲ့ပြီး ဒဏ်ရာရရှိသူများကို ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ဒေသတွင်း ရဲအရာရှိ တစ်ဦး က ဆင်ဟွာ သတင်းဌာန သို့ ပြောကြားရာတွင် ပေါက်ကွဲမှု ကြောင့် အနည်းဆုံး လူ ၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ ဒဏ်ရာရရှိသူ တစ်ဦး မှာ ဆေးရုံ သို့ ရောက်ရှိချိန်တွင် သေဆုံး ခဲ့ကြောင်း ပြောကြား ခဲ့သည်။

လက်ရှိချိန်တွင် ဘွိုင်လာအိုး ပေါက်ကွဲ ခဲ့သည့် အကြောင်းရင်း ကို မသိရှိရသေးဘဲ စုံစမ်းစစ်ဆေးနေကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.