Connect with us

Asia

အရှေ့ပင်လယ်သို့မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်

မြောက်ကိုရီးယားနိုင်ငံ ဒုံးကျည် စမ်းသပ်ပစ်လွှတ်နေစဉ် (ဆင်ဟွာ)

ဆိုးလ် ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ(DPRK) က ၎င်း၏ အရှေ့ပင်လယ်ပြင်အတွင်းသို့ အမျိုးအမည် အတည်ပြုနိုင်ခြင်းမရှိသော တိုက်ချင်းပစ် ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ စစ်ဘက်ဆိုင်ရာက ဇူလိုင်လ ၄ ရက်တွင် ပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ပြောကြားရာတွင် မြောက်ကိုရီးယားနိုင်ငံသည် တိုက်ချင်းပစ်ဒုံးကျည်ကို မြောက်ကိုရီးယားနိုင်ငံ အနောက်မြောက်ပိုင်းဒေသ ၊ မြောက် ပြုံဂန် စီရင်စု ၊ Banghyeon မြို့အနီးမှ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄ဝ မိနစ်တွင် စတင်ပစ်လွှတ်ခဲ့ပြီး အရှေ့ပင်လယ်ထဲသို့ ကျရောက်ခဲ့ကြောင်း ပြောကြားသည်။

အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုသတင်းကို တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေ-အင် ထံသို့ချက်ချင်းပေးပို့ထားကြောင်း အရာရှိက ဆိုသည်။ မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်ကို အမျိုးအစားခွဲခြားနိုင်ရန် တောင်ကိုရီးယား နှင့် အမေရိကန် တာဝန်ရှိသူများက ပူးတွဲ လေ့လာမှုပြုလုပ်နေကြောင်း ဒေသတွင်း မီဒီယာက ဆိုသည်။ ကနဦး စစ်ဆေးမှုများအရ ဒုံးကျည်ပစ်လွှတ်မှုမှာ အောင်မြင်ကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်သည် ဂျပန်နိုင်ငံ၏ အထူးစီးပွားရေးဇုန်ထဲ ကျရောက်ခဲ့ကြောင်း ဂျပန်သတင်းဌာနများက ရေးသားချက်ကို ကိုးကား၍ တောင်ကိုရီးယားနိုင်ငံပိုင် Yonhap သတင်းဌာနက ဆိုသည်။

မြောက်ကိုရီးယားနိုင်ငံသည် နိုင်ငံ၏ အရှေ့ပိုင်းဒေသ Wonsan ၌ ဇွန်လ ၈ ရက်ကလည်း မြေပြင်မှ သင်္ဘောသို့ပစ်ခတ်သည့် ခရုဒ် ဒုံးကျည်များကို စမ်းသပ် ပစ်လွှတ်ခဲ့သည်။

တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေ-အင် နှင့် အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်တို့ ဝါရှင်တန်မြို့၌ ဇွန်လ ၂၉ ရက်မှ စတင်ကာ နှစ်ရက်ကြာတွေ့ဆုံခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ်ဒုံးကျည်ကို ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်းအတည်ပြုခဲ့သည်။

တောင်ကိုရီးယားသမ္မတ မွန်သည် သမ္မတအိမ်ပြာတော်တွင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ သမ္မတ၏ အကြီးတန်းလုံခြုံရေးအကြံပေးများ နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးအပါအဝင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးကို ပြုလုပ်နေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.