Connect with us

Asia

ထိုင်းနိုင်ငံရှိ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ ဖမ်းဆီးမည့် ဥပဒေ အကောင်အထည်ဖော်ရေး ခြောက်လ ဆိုင်းငံ့ရန် ဆုံးဖြတ်

ထိုင်းနိုင်ငံရှိ အထည်ချုပ် စက်ရုံ တစ်ရုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံသို့ လာရောက် လုပ်ကိုင်ကြသည့် အိမ်နီးချင်းနိုင်ငံများမှ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများ ခန့်အပ်မှုကို ဥပဒေအရ တားမြစ်ခြင်းကို ခြောက်လ ဆိုင်းငံ့ထားမည်ဟု အာဏာရ ငြိမ်းချမ်းရေးနှင့် အမိန့်အာဏာဆိုင်ရာ အမျိုးသား ကောင်စီ (NCPO) က ဇူလိုင်လ ၄ ရက်က ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

အဓိကအားဖြင့် ရွှေ့ပြောင်း အလုပ်သမားများအား တရားမဝင် အလုပ်ခန့်အပ်ခြင်းကို တိုက်ဖျက်ရန် ရေးဆွဲထားသည့် အစိုးရ အမိန့်အား ဆိုင်းငံ့ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း NCPO ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ဝင်ထိုင်း စူဗာရီ (Win thai Suvaree) က ပြောသည်။

ထိုသို့ ဆိုင်းငံ့မှုသည် ကနဦးက ဇွန်လ ၂၃ ရက်အထိ သတ်မှတ်ထားရာမှ နောက်နှစ် ဇန်နဝါရီလ ၁ ရက်အထိ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေအရ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခြင်း၊ နိုင်ငံကူးလက်မှတ် သို့မဟုတ် အလုပ်လုပ်ခွင့်ပါမစ်မရှိသည့် ရွှေ့ပြောင်း အလုပ်သမားများ အပါအဝင်နှင့် ထိုသို့သော တရားမဝင် ရွှေ့ပြောင်းလုပ်သားများအား ငှားရမ်း အလုပ်ခန့်ခဲ့သည့် အလုပ်ရှင်များအပါအဝင် စာချုပ်ဖောက်ဖျက်သူများ အတွက် ပြစ်ဒဏ်များ တိုးမြှင့်ထားကြောင်း သိရသည်။

ထိုသို့ ဥပဒေချိုးဖောက်ကြောင်း တွေ့ရှိရပါက ဥပဒေသစ်အရ အလုပ်သမားက ပြည်နှင်ဒဏ်ပေးခံရမည် ဖြစ်သလို အလုပ်ရှင် အနေဖြင့် အများဆုံး ဘတ် ၈၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂၂,၈၅၇) ဒဏ်ကြေးပေးဆောင်ရမည် ဖြစ်သည်။

အဆိုပါ သက်ညှာမှု ထုတ်ပြန်ပြီးနောက်ပိုင်းတွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ထိုင်းရှိ မြန်မာနိုင်ငံသား ၁၈၀၀၀ ဦးမှာ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြောင်း သိရသည်။

ထို ရွှေ့ပြောင်းအလုပ်သမားများက မြန်မာနိုင်ငံ တာဝန်ရှိသူများထံမှ နိုင်ငံကူးလက်မှတ်ကဲ့သို့သော တရားဝင် အထောက်အထားများဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည် လာရောက်ရန် မျှော်လင့်ထားသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အစွန်အဖျား အထူသဖြင့် ဆမွတ်ဆခွန်ပြည်နယ်ရှိ ကုန်ထုတ်လုပ်ငန်းများ၊ ရေလုပ်ငန်းများ၌ တရားဝင်ရော တရားမဝင် အလုပ်သမား မြန်မာနိုင်ငံသား အနည်းဆုံး နှစ်သန်းရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.