Connect with us

Asia

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ၏ စစ်ဘက်ဆိုင်ရာ လေယာဉ် နှစ်စင်း ပျက်ကျမှု ဖြစ်ပွား

ရုရှား နိုင်ငံ မှ Yak-130 လေယာဉ်များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒါကာ ၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ် နိုင်ငံ လေတပ် ၏ လေ့ကျင့်ရေး လေယာဉ် နှစ်စင်း သည် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ပျက်ကျ ခဲ့ပြီး လက်ရှိချိန်တွင် လေယာဉ် ပျက်ကျမှု ကြောင့် လေယာဉ်မှူးများ သေဆုံးဒဏ်ရာရရှိမှု မရှိကြောင်း သိရှိ ခဲ့ရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်ဘက်ဆိုင်ရာ က လေယာဉ်ပျက်ကျမှု သည် ဒေသစံတော်ချိန် ၁၈ နာရီ ၃၀ မိနစ် ခန့်တွင် ဖြစ်ပွား ခဲ့ပြီး ပျက်ကျခဲ့သည့် လေယာဉ် နှစ်စင်းမှာ ရုရှား နိုင်ငံ ထုတ် Yak-130 လေယာဉ်များ ဖြစ်ကြောင်း ၊ လေယာဉ်များသည် မြေပြင် နှင့် အဆက်အသွယ် ပြတ်တောက်သွား ခဲ့ပြီး ဒါကာ မြို့နှင့် ၂၉၂ ကီလိုမီတာ အကွာအဝေး တွင် ပျက်ကျခဲ့ကာ လေယာဉ်မှူးများ က လွတ်မြောက်ခဲ့ကြကြောင်း ပြောကြား ခဲ့သည်။

စစ်ဘက်ဆိုင်ရာ က လက်ရှိချိန်တွင် မီးသတ်တပ်ဖွဲ့ အနေဖြင့် အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်နေပြီး ဖြစ်ကာ လေယာဉ် ပျက်ကျခဲ့သည့် အကြောင်းရင်း နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.