Connect with us

Asia

ဘင်္ဂလားဒေ့ရှ် ရထားလမ်း စီမံကိန်းအတွက် အာရှ ဖွံ့ဖြိုးမှု ဘဏ်က ချေးငွေ ထောက်ပံ့ရန် စိတ်ဝင်စား

ဘင်္ဂလားဒေ့ရှ် ရထားလမ်းပိုင်း တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဒါကာ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

အာရှ ဖြတ်ကျော် ရထားလမ်း ကွန်ရက်၏ အကြီးဆုံး လမ်းပိုင်း တစ်ခုဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းရှိ ကော့ဘဇား ကမ်းခြေမြို့မှ မြန်မာနိုင်ငံသို့ ချိတ်ဆက်မည့် ရထားလမ်း ဆောက်လုပ်ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံအား အာရှ ဖွံ့ဖြိုးမှု ဘဏ် (Asian Development Bank) က ချေးငွေ ထောက်ပံ့မည် ဖြစ်ကြောင်း ဧပြီလ ၁၉ ရက်က ဝန်ကြီးက ပြောကြားခဲ့သည်။

တာကာ (ဘင်္ဂလားဒေ့ရှ်ငွေ) ၁၈.၀၃၄ ဘီလီယံ ကုန်ကျမည့် Dual- Gauge ရထားလမ်းကြောင်း စီမံကိန်းအား ဘင်္ဂလားဒေ့ရှ် အမျိုးသား စီးပွားရေး ကောင်စီ၏ အမှုဆောင် ကော်မတီ အစည်းအဝေးမှ ခွင့်ပြုပြီး ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီမံကိန်း ဝန်ကြီး AHM Mustafa Kamal က သတင်းထောက်များအား ဧပြီလ ၁၉ ရက်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စီမံကိန်း ADB ဘဏ်မှ ချေးငွေ တာကာ ၁၃.၁၂ ဘီလီယံ ပေးအပ်မည်ဖြစ်ပြီး အလားအလာကောင်း သည့်အတွက် ယခုလို ထောက်ပံ့ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအကြား ကီလိုမီတာ ၃၀၀ ရှည်သည့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး ဂူမ်ဒမ် နယ်စပ်တလျှောက် မြန်မာနိုင်ငံနှင့် ချိတ်ဆက်မည့် ရထားလမ်းမှာ ၁၀၀ ကီလိုမီတာ ရှိကြောင်း သိရသည်။ (Xinhua)