Connect with us

Asia

ဘန်ဒေါင်းညီလာခံ ၆၀ နှစ်မြောက်ပြီ၊ လူငယ်တွေ ဘန်ဒေါင်း စိတ်ဓါတ်ဖြင့် ရှေ့ဆက်ရန်လိုဟုဆို

ဒီမိုကရက်တစ်ပါတီ (မြန်မာ) အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနုအား အင်တာဗျူး နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

ယခု ၂၀၁၅ ခုနှစ် ဧပြီလတွင် ဘန်ဒေါင်းညီလာခံ ၆၀ မြောက်ခဲ့ပြီဖြစ်ပြီး နောင်လာနောက်သားများ အနေဖြင့် ဘန်ဒေါင်း စိတ်ဓါတ်ဖြင့် ရှေ့ဆက်ရန်လိုအပ်ကြောင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှ အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက ဆင်ဟွာသို့ပြောသည်။

“ဘန်ဒေါင်းညီလာခံ ပေါ်ပေါက်လာတဲ့ အချိန်တုန်းက ကျွန်မတို့က အာရှနိုင်ငံတွေပေါ့ အာဖရိကနိုင်ငံတွေ အားလုံးက တတိယကမ္ဘာစစ်များ ဖြစ်မလားဆိုပြီးတော့ ပူပန်နေတဲ့ အချိန်။ အဲ့လိုအချိန်အခါမှာ အာဖရိကနိုင်ငံတွေရယ်၊ ဒီအာရှဘက်ကနိုင်ငံ တွေရယ်၊ တောင်အာရှနိုင်ငံတွေရယ်၊ အားလုံးက တစည်းတလုံးတည်း လုပ်မှသာလျှင် တတိယကမ္ဘာစစ်ဆိုတာ မရောက်နိုင်ဘူးဆိုပြီး အဲ့ဒီတုန်းက ခေါင်းဆောင်ကြီးတွေက၊ အထူးသဖြင့် တရုတ်ဝန်ကြီးချုပ် မစ္စတာချူအင်လိုင်း၊ ကျွန်မအဖေ (ဦးနု) လည်းပါတာပေါ့လေ ပြီးတော့ အိန္ဒိယနိုင်ငံက ပန်တစ်နီ တို့ပေါ့နော်။ အဲ့ဒီ့ခေါင်းဆောင်ကြီး ၃ ဦးက အခြေခံပြီးတော့ တခြား အရှ ခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီး ဒီဘန်ဒေါင်းညီလာခံမှာ အဆိုပြုခဲ့ကြတာပါပဲ။’’ ဟုပြောသည်။

အဲ့သည့် ဘန်ဒေါင်းညီလာခံမှာ နောင်တချိန်မှာ အခုအင်အားကောင်းနေတဲ့ ဘက်မလိုက် ညီလာခံလုပ်ပြီး၊ ဘက်မလိုက်နိုင်ငံများအစုအဖွဲ့ ဆိုတာလည်းပေါ်ပေါက်လာတာပါပဲ ဟုဆိုသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်မှာလွတ်လပ်ရေးရခဲ့ပြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကလည်း ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်ကို တည်ထောင်နိုင်ခဲ့ပါသည်။

“ဘန်ဒေါင်းညီလာခံမှာ လုပ်တယ်ဆိုတာက စည်းလုံးညီညွတ်ရေးပေါ့။ အထူးသဖြင့် အာရှနိုင်ငံတွေရဲ့ စည်းလုံးညီညွတ်မှုကိုပြတာပါ။ ဘာကြောင့်လဲဆိုရင် အခုအခါမှာဆိုရင်လည်း ကမ္ဘာ့မိသားစုကြီး၊ ရွာကြီးတစ်ရွာလို့တောင် ခေါ်ရကြပြီး။ အဲ့လိုမှာ ကျွန်မတို့ အာရှနိုင်ငံတွေကနေ ပူးပေါင်းမယ်ဆိုလို့ရှိရင် ဟိုးအရင်တုန်းကဖြစ်ခဲ့တဲ့ နိုင်ငံကြီးတွေရဲ့ သြဇာလွှမ်းမိုးမှု၊ နိုင်ငံကြီးတွေရဲ့ ဖိနှိပ်ချုပ်ကိုင်မှုတွေ၊ အဲ့ဒါမျိုးတွေရဲ့ အခြေအနေကို ပြန်ပြီးတော့ ရောက်နိုင်ဖို့ဆိုတာလည်း မဖြစ်နိုင်တော့ပါဘူး။’’ ဟု ၎င်းက ဆက်ပြောသည်။

နောင်လာနောက်သား လူငယ်များအနေဖြင့် ဘန်ဒေါင်းစိတ်ဓါတ်ဖြင့် ပိုပြီးစည်းလုံးညီညွတ်မှု ရှိခဲ့လျှင်၊ တစ်နိုင်ငံနဲ့တနိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်တယ်ဆိုလျှင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်ဆံသည့်နေရာတွင် အကျိုးရှိနိုင်ကြောင်း၊ ယခုခေတ် လူငယ်တွေလည်း ဒီလို စည်းလုံး ညီညွတ်မှုရှိမှ တချိန်ချိန်မှာ အာရှနိုင်ငံဆိုတာ အင်မတန်ကို တိုးတက်သည့် နိုင်ငံများ ပါဝင်ဖွဲ့စည်းထားတဲ့ အာရှနိုင်ငံများ အစုအဖွဲ့ရယ်လို့ ဖြစ်လာမှာဖြစ်ကြောင်း သိရသည်။ (Xinhua)