Connect with us

Asia

ဘရူနိုင်း၌ နိုင်ငံခြားအလုပ်သမား တစ်သိန်း ကျော်ရှိ

ဘရူနိုင်းနိုင်ငံ တော်ဝင်မိသားစုအားတွေ့ ရစဉ်(ဆင်ဟွာ)

ဘန်ဒါစရီဘာဂါဝန် ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ)

ဘရူနိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသား အလုပ်သမား ၁ သိန်းကျော် ရှိကြောင်း ၊ အများစုမှာ ပုဂ္ဂလိကလုပ်ငန်းခွင်များတွင် လုပ်ကိုင်နေကြကြောင်း ဘရူနိုင်းနိုင်ငံ အလုပ်သမားဦးစီးဌာန (ခေတ္တ)ကော်မရှင်နာမင်းကြီး Shariful-Bahri က အောက်တိုဘာလ ၂ ရက်တွင်ပြောကြားလိုက်သည်။

လက်ရှိတွင် နိုင်ငံခြားလုပ်သားပေါင်း တစ်သိန်းကျော်သည် ဘရူနိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေကြကြောင်း နှင့် အများစု မှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အလုပ်လုပ်နေကြကြောင်း Shariful က ဆိုသည်။

ဘရူနိုင်းနိုင်ငံတွင် လူဦးရေ ၄၁၁,၉ဝဝ ဦး ရှိကြောင်း တရားဝင်စစ်တမ်းများအရ သိရသည်။

“ ဆောက်လုပ်ရေးဟာ သိပ်ကိုကြီးမားတဲ့ လုပ်ငန်းခွင်ဖြစ်နေတယ်။ နိုင်ငံခြားသား အလုပ်သမားတွေ လုပ်ကိုင်နေကြတာပေါ့” ဟု Shariful ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းသတင်းစာတစ်စောင်က အောက်တိုဘာ ၂ ရက်တွင်ဖော်ပြသည်။

ထို့ပြင် Shariful က လတ်တလောတွင် နိုင်ငံခြားလုပ်သားပေါင်း ၉ သောင်းကျော်သည် ပုဂ္ဂလိက အခန်းကဏ္ဍတွင် အလုပ်လုပ်ကိုင်နေကြကြောင်း ဆိုသည်။ အလုပ်သမားအများစုသည် အိမ်နီးချင်းနိုင်ငံများအပါအဝင် တောင်အာရှနိုင်ငံများမှ ဖြစ်ကြောင်း ကော်မရှင်နာမင်းကြီးက ဆက်ပြောသည်။

“ အလုပ်သမားအများစုက အင်ဒိုနီးရှား၊ဖိလစ်ပိုင် နဲ့မလေးရှား နိုင်ငံတွေဆီကပါ။ပြီးခဲ့တဲ့နှစ်ပိုင်းတွေက အိန္ဒိယန ဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက နိုင်ငံခြားလုပ်သားတွေလည်း ပိုပြီးဝင်လာကြပါတယ် ” ဟု ၎င်းကဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.