Connect with us

Asia

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဂျပန်တွင် သေဆုံးသူဦးရေ ၆၄ ဦး အထိ မြင့်တက်လာ


တိုကျို ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံနေရာ အမြောက်အမြားတွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေကြီး ခြင်း၊ မြို့များတွင် ရေဖုံးလွှမ်းခြင်းနှင့် မြေပြိုခြင်းစသည့် ဘေးအန္တရာယ်များဖြစ်ပွားလျက်ရှိရာ ဇူလိုင်လ ၈ ရက်နေ့ ဒေသစံတော်ချိန် နေ့လည် ၁၁ နာရီ ၃၀ မိနစ်တွင် သေဆုံးသူဦးရေသည် ၆၄ ဦးအထိ တိုးမြင့်သွားပြီဖြစ်ပြီး အပြင်းအထန် ဒဏ်ရာရသူ ၄ ဦး ရှိကြောင်း သိရသည်။

ဂျပန်အစိုးရသည် ဇူလိုင် ၈ ရက် နံနက်ပိုင်းတွင် အရေးပေါ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာန ဖွဲ့စည်းပြီး အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။ လက်ရှိ ဂျပန်နိုင်ငံသားအတော်များများ၏ ဘေးကင်းလုံခြုံမှုကို အတိအကျ မပြောနိုင်သေးကြောင်း ၊ သက်ဆိုင်ရာဌာနများကို အစွမ်းကုန် ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ရန်ညွှန်ကြားထားသလို ရေဘေးသင့်နေရာများကို လုံလောက်သည့် ပစ္စည်းအထောက်အပံ့များပေးရန်နှင့်ခိုလုံရေးစခန်းများတွင် ကျန်းမာရေးအာမခံချက်ရှိစေရန် ညွှန်ကြားထားကြောင်း ဝန်ကြီးချုပ်ရှင်ဇိုအာဘေး(Shinzo Abe) က အစည်းအဝေးတွင် ပြောကြားခဲ့ သည်။

japan

ဂျပန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေရာအနှံ့တွင် ရေကြီးရေလျှံဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ )

ဂျပန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေရာအနှံ့တွင် ရေကြီးရေလျှံဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ )

ဂျပန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေရာအနှံ့တွင် ရေကြီးရေလျှံဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ )

ဂျပန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေရာအနှံ့တွင် ရေကြီးရေလျှံဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ )

အစိုးရအဖွဲ့ အတွင်းဝန်ချုပ်Yoshihide Sugaက ဂျပန်အစိုးရသည် ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကာကွယ်ရေးတပ်ဖွဲ့၊ ကမ်းခြေစောင့်တပ်ဖွဲ့စသည့် ဌာနများမှ လူအင်အား ၅၄၀၀၀ စုစည်းပြီး ရဟတ် ၄၁ စီးဖြင့် ကူညီကယ်ဆယ်မှုများ အစွမ်းကုန်လုပ်ဆောင်ရန် စေလွှတ်ထားကြောင်း အစည်းအဝေး အပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဂျပန်အနောက်ပိုင်းနှင့်အရှေ့ပိုင်းဒေသများတွင် ဇူလိုင် ၈ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လျှပ်စီးမိုးကြိုးပစ်ခြင်းများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ဂျပန်မိုးဇလ အေဂျင်စီက ခန့်မှန်းထားသည်။ Gifu၊ Kochi ၊Ehime စီရင်စုများ တွင် ဇူလိုင် ၈ ရက်နေ့မနက်ပိုင်းက မိုးရေကြီးခြင်းအထူးသတိပေး ကြေညာချက် ထုတ်ပြန်ထားကြောင်း ၊ ထိုဒေသနေပြည်သူများ အထူးသတိထားနေထိုင်ကြရန်နှင့် ဒေသခံအစိုးရ၏စီမံချက်များအရ လုံခြုံဘေးကင်းရာနေရာများသို့ သွားရောက်ကြရန် နှိုးဆော်ထား ကြောင်း၊ လက်ရှိ စုစုပေါင်း စီရင်စု ၁၁ ခုတွင် မိုးရေကြီးခြင်း အထူးသတိပေးချက် ထုတ်ပြန်ထား ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.