Connect with us

Asia

ထိုင်းနိုင်ငံရှိ ဂူအတွင်း ပိတ်မိနေသူ ၁၃ ဦးကို အပြင်ထုတ်နိုင်ရေး ကယ်ဆယ်ရေးလုပ်ငန်းများ စတင်

ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ဂူအတွင်း ပိတ်မိနေသော ယောက်ျားလေး ၁၂ ဦးနှင့် ၎င်းတို့၏ နည်းပြ တစ်ဦးတို့အား တွေ့ရစဉ် (ဆင်ဟွာ)

ချင်းရိုင်၊ ထိုင်း၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ဂူအတွင်း ပိတ်မိနေသော ယောကျ်ားလေး ၁၂ ဦးနှင့် ၎င်းတို့၏ နည်းပြ တစ်ဦးတို့ကို ဂူအပြင်သို့ ပြန်လည်ထုတ်နိုင်ရေး ကယ်ဆယ်ရေးလုပ်ငန်းကို ဇူလိုင်လ ၈ ရက် ဒေသစံတော်ချိန် နံနက် ၁၀း၀၀ နာရီခန့်က စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ချင်းရိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး Nerongsak Osattanakom က သတင်းစာရှင်းလင်းပွဲ၌ အတည်ပြုပြောကြားခဲ့သည်။

နိုင်ငံတကာ ဂူရေငုပ်ကျွမ်းကျင်သူ ၁၃ ဦးနှင့် ထိုင်းရေတပ် Seal တပ်ဖွဲ့ လက်ရွေးစင် ကယ်ဆယ်ရေးသမား ၅ ဦးတို့လည်း ကယ်ဆယ်ရေးလုပ်ငန်းအား ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ပိတ်မိနေသော ယောကျ်ားလေးများမှ တစ်ဦးချင်းစီ ရေငုပ်ကာ ထွက်လာရမည် ဖြစ်ကြောင်း အထက်ပါ အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံရှိ ဂူအတွင်း ပိတ်မိနေသူများအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ယင်း ယောကျ်ားလေး တစ်ဦးစီကို ကယ်ဆယ်ရေးသမား နှစ်ဦးက ခြံရံ၍ ကယ်ထုတ်မည်ဟု ဆိုသည်။

အုပ်ချုပ်ရေးမှူး၏ အဆိုအရ ယောကျ်ားလေးတစ်ဦး ဂူအပြင်သို့ ရောက်ရန် ၁၁ နာရီခန့် ကြာမြင့်နိုင်ကြောင်း၊ ပထမဆုံး ယောက်ျားလေးအား ဒေသစံတော်ချိန် ည ၉း၀၀ နာရီအချိန်၌ အပြင်သို့ ထွက်လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဂူအတွင်းရှိ ပိတ်မိနေသူ ၁၃ ဦးလုံး အပြင်သို့ရောက်ရှိနိုင်ရန် အချိန်အားဖြင့် သုံးရက် သို့မဟုတ် လေးရက်ခန့် ကြာမည်ဟု ၎င်းက ဆိုသည်။

အသက် ၁၁ နှစ်မှ ၁၆ နှစ်အကြား ယောကျ်ားလေး ၁၂ ဦးနှင့် ၎င်းတို့၏ အသက် ၂၅ နှစ်အရွယ် နည်းပြတစ်ဦးတို့သည် ဇွန်လ ၂၃ ရက်ကတည်းက ဂူအတွင်း ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။

ကယ်ဆယ်ရေးသမားများသည် အစွမ်းကုန် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဇူလိုင်လ ၂ ရက်တွင် ၎င်းတို့အား တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ဇူလိုင်လ ၆ ရက်က ထိုင်းရေတပ် SEAL တပ်ဖွဲ့ဝင်တစ်ဦးမှာ အောင်စီဂျင်ပြတ်သွားသည့်အတွက် သေဆုံးသွားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.