Connect with us

Asia

ရဲချုပ်အား ထောက်လှမ်းရေးအကြီးအကဲ အဖြစ် အင်ဒိုနီးရှားသမ္မတ ပြောင်းလဲတာဝန်ပေး

အင်ဒိုနီးရှားထောက်လှမ်းရေးမှူးသစ်အဖြစ် အမည်စာရင်းသွင်းခံထားရသူရဲချုပ် Budi Gunawan အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံသမ္မတဂျူကိုဝီဒိုဒိုသည် နိုင်ငံရဲတပ်ဖွဲ့၏ ရဲချုပ်Budi Gunawan အား အင်ဒိုနီးရှားထောက်လှမ်းရေးအကြီးအကဲအသစ်အဖြစ် ပြောင်းလဲ တာဝန်ပေးအပ်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာလ ၂ ရက်တွင် ထုတ်ဖော်ပြောကြားသည်။

“ ထောက်လှမ်းရေးအကြီးအကဲအဖြစ် သမ္မတက အမည်စာရင်းတင်သွင်းထားတဲ့ ခန့်အပ်လွှာကို အောက်လွှတ်တော်ဥက္ကဋ္ဌ ဆီ ပေးပို့ထားပါတယ်” ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Pratikno က ဂျကာတာမြို့၌ သတင်းသမားများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
လက်ရှိထောက်လှမ်းရေးအကြီးအကဲ Sutiyoso အား တာဝန်မှ ရပ်စဲ၍ လူစားထိုးပြောင်းလဲ ခန့်အပ်ခြင်းမှာ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးအတွက် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံ၌ အကြမ်းဖက်ခြိမ်းခြောက်ခံရမှုများကြီးထွားမလာအာင် ကိုင်တွယ်ရန်ပျက်ကွက်ခြင်း နှင့် ပြီးခဲ့သော ဇန်နဝါရီလက ဂျကာတာမြို့၌ ဖြစ်ပွားခဲ့သော အိုင်အက်စ်ထောက်ခံသူများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကို မတားဆီးနိုင်ခဲ့ခြင်းကြောင့် ထောက်လှမ်းရေးအကြီးအကဲ Sutiyoso သည် ဝေဖန်မှုများဖြင့် ရင်ဆိုင်နေရသည်။
အင်ဒိုနီးရှားလွှတ်တော်သည် Budi ၏ ရာထူးသစ်လက်ခံခြင်းကျမ်းသစ္စာကျိန်ဆိုမှုမပြုလုပ်မီ ကျန်းမာရေးဆိုင်ရာစစ်ဆေးမှု နှင့် အခြားလိုအပ်သော စစ်ဆေးမှုများကို လုပ်ဆောင်သွားရန် မျှော်လင့်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.