Connect with us

Asia

လာမည့် ရက်သတ္တပတ်တွင် အစ္စရေး နှင့် ဂျာမနီသို့ အိန္ဒိယဝန်ကြီးချုပ် သွားရောက်လည်ပတ်မည်

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒါမိုဒီ အားတွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒါမိုဒီ သည် လာမည့် ရက်သတ္တပတ်တွင် အစ္စရေးနိုင်ငံ နှင့် ဂျာမနီနိုင်ငံသို့ နှစ်နိုင်ငံ ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

မိုဒီ၏ ပထမခရီးစဉ်သည် အစ္စရေးနိုင်ငံ ဖြစ်ပြီး ယင်းခရီးစဉ်ပြီးနောက် ဟမ်းဘက်မြို့တွင် ပြုလုပ်သည့် G20 အစည်းအဝေးသို့တက်ရောက်ရန် ဂျာမနီနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ကပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန အာရှအနောက် နှင့် အာဖရိကမြောက်ပိုင်း ဆိုင်ရာတွဲဘက် အတွင်းဝန် B.Bala Bhaskar က ဝန်ကြီးချုပ်သည် အိန္ဒိယ-အစ္စရေး သံတမန် ဆက်ဆံရေး ထူထောင်မှု ၂၅နှစ်ပြည့် အခါသမယဖြစ်သည့် ဇူလိုင် ၄ ရက်မှ ၆ရက် အတွင်း အစ္စရေးနိုင်ငံ၌ နေထိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲသည်။

မိုဒီသည် အစ္စရေးနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ အကျိုးစီးပွား ဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးသွားမည်ဖြစ်ပြီး အစ္စရေးသမ္မတ Reuven Rivlin နှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

ဝန်ကြီးချုပ်၏ နောက်ဆုံးခရီးစဉ်အဖြစ် ဂျာမနီနိုင်ငံ ၌ ဇူလိုင် ၇ ရက် မှ ၈ရက်အထိ နေထိုင်ကာ ဟမ်းဘက်မြို့တွင်ပြုလုပ်မည့် ၁၂ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.