Connect with us

Asia

ဗီယက်နမ်၏ ပထမဆုံး နှစ်ထပ် ဘတ်စ်ကား စတင်ပြေးဆွဲ

ဗီယက်နမ်ရှိ နှစ်ထပ် ဘတ်စ်ကား တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံတွင် ခရီးသွားဧည့်သည်များအတွက် ပထမဆုံး နှစ်ထပ် ဘတ်စ်ကား စတင် ပြေးဆွဲနေပြီ ဖြစ်ပြီး လာမည့် တစ်လ၊ နှစ်လအတွင်း အဆိုပါ ယာဉ်များအား ကျယ်ပြန့်စွာ အသုံးပြုသွားမည်ဟု သိရသည်။

အဆိုပါ ဘတ်စ်ကားမှာ ပြည်တွင်းတွင် ထုတ်လုပ်ထားခြင်း ဖြစ်ပြီး ဗီယက်နမ် ဒေါင် ၈ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃၅၄,၀၀၀) ကုန်ကျစရိတ်ရှိကာ ခေတ်မီ အသုံးအဆောင်ပစ္စည်းများ တပ်ဆင်ထားပြီး 4G ဝိုင်ဖိုင် အခမဲ့ ရရှိမည် ဖြစ်ကြောင်း၊ မြို့တော် ဟနွိုင်းရှိ စိတ်ဝင်စားဖွယ်ရာ အဓိက နေရာများအား ပြေးဆွဲမည် ဖြစ်ကြောင်း ဗီယက်နမ် သတင်းအေဂျင်စီက သတင်းတင်ပြထားသည်။

ဟနွိုင်းတွင် ပြေးဆွဲမည့် နှစ်ထပ် ဘတ်စ်ကားများမှာ ခရီးသွား ဧည့်သည်များ စိတ်ဝင်စားရာ နေရာ ခြောက်ခုသို့ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း၊ အဆိုပါ နယ်မြေ များနှင့် လေဆိပ်အကြား ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.