Connect with us

Asia

တောင်ကိုရီးယား သမ္မတနှင့် အမေရိကန် သမ္မတတို့ ဝါရှင်တန်တွင် ပထမဆုံးအကြိမ် တွေ့ဆုံမည်

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်အား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (Moon Jae-in) သည် သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံး ထိပ်သီး အစည်းအဝေးအဖြစ် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ် ထရမ့်နှင့် တွေ့ဆုံရန် ယနေ့ (ဇွန်လ ၂၈ ရက်) နေ့လည်ပိုင်းက ဝါရှင်တန်သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

သုံးရက်ကြာမည့် ၎င်း၏ ခရီးစဉ်အတွင်း မွန်သည် အမေရိကန် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ခေါင်းဆောင်ပိုင်းများ၊ ဒုတိယ သမ္မတ မိုက်ပန့်ချ်တို့နှင့် တွေ့ဆုံမည် ဖြစ်သည်။

မွန်နှင့် ထရမ့်တို့ တွေ့ဆုံမည့် နှစ်နိုင်ငံ ထိပ်သီး အစည်းအဝေးအား ဝါရှင်တန် စံတော်ချိန် ဇွန်လ ၃၀ ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ အိမ်ဖြူတော်၌ ညစာစားပွဲကိုမူ ဇွန်လ ၂၉ ရက်တွင် ပြုလုပ်မည် ဖြစ်သည်။

အိမ်ပြာတော်မှ ထုတ်ပြန်ချက်အရ ထိပ်သီးအစည်းအဝေးအပြီး ပူးတွဲ ကြေညာချက် တစ်စောင် ထုတ်ပြန်မည် ဖြစ်သလို အိမ်ဖြူတော်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။

ဝါရှင်တန် ခရီးစဉ်သည် မွန်ဂျေအင်က တောင်ကိုရီးယား သမ္မတအဖြစ် မေလ ၁၀ ရက်က တာဝန်ယူပြီး နှစ်လခန့်အကြာဆွင် ပထမဆုံးနှင့် အစောဆုံး သွားရောက်ခြင်းလည်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117