Asia
လူပေါင်း ၆၀ ကျော် လိုက်ပါသွားသော အင်ဒိုနီးရှားလေယာဉ်တစ်စင်း ဂျကာတာမြို့ပြင်ပ ရေပြင်တွင် ပျက်ကျ
ဂျကာတာ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်
အင်ဒိုနီးရှားနိုင်ငံတွင် လူပေါင်း ၆၀ ကျော်ကို တင်ဆောင်သွားသော Sriwijaya Air လေကြောင်းလိုင်းမှ ဘိုးရင်း ၇၃၇-၅၀၀ ခရီးသည်တင်လေယာဉ်သည် ဂျကာတာမြို့ ပြင်ပ ပင်လယ်ပြင်အတွင်းသို့ ဇန်နဝါရီ ၉ ရက်တွင် ပျက်ကျသွားခဲ့ကြောင်း သိရသည်။
လူခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် လေယာဉ်အပျက်အစီးများကို တွေ့ရှိခဲ့ကြောင်း Trisula ကမ်းခြေစောင့်သင်္ဘော အရာရှိ ကပ္ပတိန် EKo Surya Hadi က ဒေသတွင်းရုပ်သံသို့ ပြောကြားခဲ့သည်။
ဘိုးရင်း ၇၃၇-၅၀၀ လေယာဉ်သည် ခရီးသည် ၅၆ ဦးနှင့် လေယာဉ်အမှုထမ်း ၆ ဦး၊ စုစုပေါင်း ၆၂ ဦးကို တင်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
“လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ၊ အသက်ကယ်အင်္ကျီတွေ၊ avtur (aviation turbine fuel) နဲ့ လေယာဉ်အပျက်အစီးအစိတ်အပိုင်းတွေကို ကျွန်တော်တို့တွေ့ခဲ့တယ်” ဟု ၎င်းက ဒေသတွင်းရုပ်သံသို့ ပြောခဲ့သည်။
အနောက်ကလီမန်တန်ပြည်နည်ရှိ ပွန်တီယာနက်မြို့သို့ ပျံသန်းနေသော လေကြောင်းခရီးစဉ်အမှတ် SJ-182 သည် ဂျကာတာမြို့ရှိ Soekarno-Hatta နိုင်ငံတကာလေဆိပ်မှ ပျံသန်းထွက်ခွာခဲ့ပြီးနောက် ဒေသစံတော်ချိန် မွန်းလွဲ ၂:၄၀ နာရီခန့်က ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း Surya က ပြောခဲ့သည်။
ကံကြမ္မာဆိုးငင်ခဲ့သော အင်ဒိုနီးရှားဘတ်ဂျက်လေကြောင်းလိုင်းမှ လေယာဉ်သည် ဇန်နဝါရီ ၉ ရက် မွန်းလွဲပိုင်းက လေဆိပ်မှ ပျံတက်ပြီးနောက် လေကြောင်းထိန်းချုပ်ရေးစခန်းနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်း အမျိုးသား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံး ပြောရေးဆိုခွင့်ရှိသူ Yusuf Latief က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း လေကြောင်းထိန်းချုပ်ရေးလုပ်ငန်းများအားလုံးကို ပံ့ပိုးရန်အတွက် တာဝန်ယူထားသော AIRNAV Indonesia မှ သတင်းအချက်အလက် လက်ခံရရှိပြီးနောက် ကယ်ဆယ်ရေးအဖွဲ့များသည် အခင်းဖြစ်ရာနေရာသို့ သွားရောက်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၉ ရက်က အင်ဒိုနီးရှားနိုင်ငံ Lion Air လေကြောင်းလိုင်းမှ ဘိုးရင်း ၇၃၇ Max လေယာဉ်တစ်စင်း ဂျကာတာမှ ပျံတက်ပြီးနောက် ဂျာဗားပင်လယ်အတွင်း ပျက်ကျသွားခဲ့ရာ လေယာဉ်ပေါ်ပါ လူပေါင်း ၁၈၉ ဦးစလုံး သေဆုံးသွားခဲ့သည်။
ထို့ပြင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကလည်း AirAsia လေကြောင်းပိုင် လေယာဉ်တစ်စင်းသည် အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော် ဆူရာဘာရာမှ စင်ကာပူနိုင်ငံသို့ သွားရောက်စဉ် ပင်လယ်ပြင်အတွင်းသို့ ပျက်ကျမှုဖြစ်ပွားခဲ့ပြီး လေယာဉ်ပေါ်လိုက်ပါသွားသော လူပေါင်း ၁၆၂ ဦးစလုံးသေဆုံးသွားခဲ့ကြောင်း သိရသည်။ (Xinhua)
—————————————-
(English Version)
3rd LD Writethru: Indonesian plane with over 60 people aboard crashes in waters off Jakarta
2021-01-09 21:17:25
JAKARTA, Jan. 9 (Xinhua) — A passenger plane of Indonesia’s Sriwijaya Air carrying over 60 people crashed into waters off Jakarta on Saturday.
Human body parts and debris of the plane were found, Captain EKo Surya Hadi, commander of Trisula coast guard ship, told a local TV.
The Boeing 737-500 plane was carrying 62 people, including 56 passengers and six crew members.
“We found body parts, life jackets, avtur (aviation turbine fuel) and debris of the plane,” he told the local TV.
The SJ-182 flight, which was flying to Pontianak city in West Kalimantan province, crashed at around 2:40 p.m. local time (0740 GMT) after taking off from the Soekarno-Hatta international airport in Jakarta, Surya said.
The ill-fated plane of the Indonesian budget airline lost contact with air traffic controllers after taking off from Jakarta on Saturday afternoon, spokesman of the National Search and Rescue Office Yusuf Latief told Xinhua.
Rescue teams were heading to the scene after receiving information from the AIRNAV Indonesia, which is responsible for providing all air traffic control services across Indonesia, he added.
On Oct. 29, 2018, all 189 people aboard were killed after a Boeing 737 Max plane of Indonesia’s Lion Air crashed into the Java Sea shortly after taking off from Jakarta.
In December 2014, an AirAsia plane crashed into sea en route from Indonesia’s second biggest city Surabaya to Singapore, killing all 162 people aboard. Enditem
Pile picture of a passenger plane of Indonesia’s budget airline Sriwijaya Air. (Photo credit: Flightradar24)