Connect with us

Asia

သီရိလင်္ကာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၁၈၅ ဦးနှင့် ဒဏ်ရာရသူ ၄၆၉ ဦးအထိမြင့်တက်လာ

သီရိလင်္ကာနိုင်ငံတွင် ပေါက်ကွဲမှုဖြစ်ပွားသည့် စိန့်အန်တိုနီဘုရားကျောင်းရှေ့တွင် လက်နက်ကိုင် လုံခြုံရေးဝန်ထမ်းတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ၌ ဧပြီလ ၂၁ ရက်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများအတွင်း သေဆုံးသူအရေအတွက်မှာ ၁၈၅ ဦးအထိရောက်ရှိသွားပြီဖြစ်ကြောင်းနှင့် ဒဏ်ရာရသူအရေအတွက်မှာ ၄၆၉ ဦးခန့်ရှိလာပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

သေဆုံးသူများအနက် နိုင်ငံခြားသား ၉ ဦး ပါဝင်ပြီး ဒဏ်ရာရသူများအနက် နိုင်ငံခြားသား ၁၃ ဦး ပါဝင်ကြောင်း ဆေးရုံ သတင်းရင်းမြစ်များက ပြောခဲ့သည်။

သီရိလင်္ကာနိုင်ငံတွင် ပေါက်ကွဲမှုဖြစ်ပွားသည့် ဟိုတယ်တစ်ခု အပြင်ဘက်တွင် စောင့်ဆိုင်းနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဧပြီလ ၂၁ ရက် နေ့လယ်ပိုင်း၌ ကိုလံဘိုမြို့ရှိ Dehiwala တိရစ္ဆာန်ရုံ မျက်နှာချင်းဆိုင်တွင် ၇ ခုမြောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ရူဝမ်ဂူနာစီကာရာ (Ruwan Gunasekara) က ဆင်ဟွာသို့ ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.