Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူ ၁၆ဦးဒဏ်ရာရရှိ၊ အိမ်ရာနှင့်ချီ ထိခိုက်ပျက်စီး

အင်ဒိုနီးရှားနိုင်ငံ တွင် ယခင်က တိုက်ခတ်ခဲ့သည့် လေဆင်နှာမောင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ပုံ (ဓါတ်ပုံ-အင်တာနက်)

ဂျာကာတာ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း အနောက်ဂျာဗားပြည်နယ် တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် စုစုပေါင်းလူ ၁၆ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ရာနှင့်ချီ၍ ထိခိုက်ပျက်စီးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဌာနမှ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၁၂ရက်တွင်ပြောကြားခဲ့သည်။

ယင်းသဘာဝဘေးအန္တရာယ်သည် Bandung ခရိုင် Jelagong ရွာ ရှိ နေအိမ် ၃၇၁လုံးကို မွှေနှောက်ဖျက်ဆီးခဲ့ပြီး ရွာသားများသည် နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရကာ ယာယီအမိုးအကာများအောက်တွင် ခိုနေရကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က ဆင်ဟွာသို့ပြောကြားခဲ့သည်။

လေဆင်နှာမောင်း ကြောင့် ထိခိုက်ပျက်စီးမှုအကျိုးဆက်သည် များပြားနိုင်ပြီး ပျက်စီးဆုံးရှုံးမှုများကို ခန့်မှန်းတွက်ချက်နေကြောင်း ၎င်းကပြောကြားခဲ့သည်။နေအိမ်စွန့်ခွာလာသူများအတွက် ယာယီတဲများ ဆောက်လုပ်ပေးထားကြောင်း ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သော်လည်း နေရပ်စွန့်ခွာလာသည့် ရွာသားအရေအတွက်ကိုမူ ပြောကြားခဲ့ခြင်းမရှိကြောင်းသိရသည်။ (Xinhua)