Connect with us

Asia

အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူ ၅ ဦး သေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရ

အိန္ဒိယနိုင်ငံ Odisha ခရိုင် Balasore ခရိုင်တွင် Yaas ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အမြစ်မှကျွတ်ထွက်နေသော သစ်ပင်အား ဖယ်ရှားနေသော မြို့တော်စည်ပင်ဝန်ထမ်းများကို ၂၀၂၁ ခုနှစ် မေ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ အနောက်ဘန်ဂေါပြည်နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်ပြီးနောက် အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး အခြားသူ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ဧပြီ ၁ ရက်၌ ပြောကြားခဲ့သည်။
အဆိုပါ လေဆင်နှာမောင်းသည် မတ် ၃၁ ရက်က ဂျယ်ပိုင်ဂူရီခရိုင်ရှိ နေရာများစွာတွင် တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဂျယ်ပိုင်ဂူရီမြို့နှင့် အနီးဝန်းကျင် မိုင်နာဂူရီရပ်ကွက်အတွင်း နေရာများစွာရှိ နေအိမ်များ ပျက်စီးခဲ့ပြီး သစ်ပင်များအမြစ်မှကျွတ်ထွက်ခဲ့ကြောင်း သိရသည်။

“မတ် ၃၁ ရက်မှာ ရုတ်တရက်တိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်းကြောင့် ဂျယ်ပိုင်ဂူရီမြို့၊ မိုင်နာဂူရီရပ်ကွက်နဲ့ ဒူပါဂူရီရပ်ကွက်တွေ ပျက်စီးခဲ့တယ်။ မုန်တိုင်းကြောင့် လူငါးဦးသေဆုံးခဲ့ပြီး အခြားသူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။

အနောက်ဘန်ဂေါခရိုင်အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့၊ သဘာဝဘေးစီမံခန့်ခွဲမှု တာဝန်ရှိသူများနှင့် အရေးပေါ်တုန့်ပြန်ရေးအဖွဲ့များက ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့သလို အကူအညီများလည်း ပေးအပ်ခဲ့ကြောင်း၊ မုန်တိုင်းသင့်ပြည်သူများကို ဘေးလွတ်ရာနေရာသို့ ပြောင်းရွှေ့ခဲ့ပြီးဖြစ်ကြောင်း အနောက်ဘန်ဂေါပြည်နယ် ဝန်ကြီးချုပ် Mamata Banerjee က ပြောကြားခဲ့သည်။
လေဆင်နှာမောင်းတိုက်ခတ်မှုကို ဂျယ်ပိုင်ဂူရီခရိုင်၏ အနီးဝန်းကျင်ခရိုင်များဖြစ်သော Coochbehar နှင့် Alipurduar ၌လည်း ခံစားခဲ့ရကြောင်း သိရသည်။

အိန္ဒိယ မိုးလေဝသဌာန (IMD) ၏ ဖော်ပြချက်အရ လေဆင်နှာမောင်းသည် ဂျယ်ပိုင်ဂူရီခရိုင်တွင် မတ် ၃၁ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃:၃၀ နာရီခန့်က အချိန် ၁၀ မိနစ်ကြာ တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းမုန်တိုင်းသည် Teesta မြစ်ကြမ်းပြင်မှ စတင်လာကာ ကျယ်လောင်သောအသံများအဖြစ် ပြောင်းလဲလာခဲ့ပြီး သစ်ပင်များစွာ အမြစ်မှကျွတ်ထွက်၍ လူနေအိမ် အမြောက်အမြား ပျက်စီးခဲ့ကြောင်း ဒေသခံမီဒီယာသတင်းများ၌ ဖော်ပြထားသည်။ (Xinhua)

………………………
(English Version)
5 killed, over 100 injured as tornado hits India’s West Bengal
NEW DELHI, April 1 (Xinhua) — At least five people were killed and over 100 others injured after a tornado hit India’s eastern state of West Bengal, officials said Monday.
The tornado hit several parts of Jalpaiguri district on Sunday. It damaged many houses and uprooted trees in Jalpaiguri town and many areas of the neighboring Mainaguri.
“The sudden tornado on Sunday destroyed large parts of Jalpaiguri town, Mainaguri and Dhupaguri block. The violent storm left five people dead and over 100 others injured,” an official said.
According to West Bengal Chief Minister Mamata Banerjee, district administration, police, disaster management officials and quick response teams have swung into action to undertake rescue efforts and provide relief. She said affected people were being shifted to safer places.
The storm’s impact was also felt in Jalpaiguri’s neighboring districts — Coochbehar and Alipurduar.
The India Meteorological Department (IMD) said a tornado occurred at Jalpaiguri district around 03:30 p.m. (local time) on Sunday and lasted for about 10 minutes.
Local media reports quoting eyewitnesses said it started from the bottom of the Teesta River and turned into a massive loud sound that uprooted multiple trees and damaged houses.
Photo: Municipal workers remove an uprooted tree from a road after cyclonic storm Yaas hit Balasore district of Odisha on May 26, 2021. (Str/Xinhua)