Connect with us

Asia

အင်ဒိုနီးရှား၌ ခရီးသည်တင် ကူးတို့ရေယာဉ်မီးလောင်မှုဖြစ်ပွား ၂၃ ဦးသေဆုံး၊ ၁၇ ဦးပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံ ဇန်နဝါရီလ ၁ ရက်က မီးလောင်ကျွမ်းသွားသော ခရီးသည်တင် ကူးတို့ ရေယာဉ်အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ၊ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာရေပြင်၌ ခရီးသည် ၂ဝဝ ကျော်လိုက်ပါလာသော ကူးတို့ရေယာဉ် တစ်စင်းသည် ယနေ့( ဇန်နဝါရီလ ၁ရက်) တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လှေပေါ်လိုက်ပါလာသူများအနက် ၂၃ ဦးသေဆုံးပြီး ၂ဝ ဦးထိခိုက်ဒဏ်ရာရကာ ၁၇ ဦးပျောက်ဆုံးလျက် ရှိကြောင်း သဘာဝဘေးအန္တရာယ်အေဂျင်စီက ဆိုသည်။

ဒဏ်ရာရသူ ၂ဝ ဦး အနက် ၉ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း နှင့် အခင်းဖြစ်နေရာအနီးရှိ Sefly Madrena ဆေးရုံသို့ပို့ဆောင်ထားကြောင်း ဂျကာတာမြို့သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီတာဝန်ခံက ဆင်ဟွာသင်းဌာနသို့တယ်လီဖုန်းဖြင့် ေြပြာကြားခဲ့သည်။

ကမ္ဘာလှည့်ခရီးသည်အများစု တင်ဆောင်ထားသော Zahro Express ခရီးသည်တင်ကူးတို့ရေယာဉ်သည် ဂျကာတာမြို့၏ Muara Angke ဆိပ်ကမ်းမှ စတင်ထွက်ခွားခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ ရှာဖွေရေး နှင့် ကယ်ဆယ်ရေးအကြီးအကဲ Hendra Sudirman က ဆိုသည်။
ဖိုင်ဘာသားဖြင့် ပြုလုပ်ထားသော ကူးတို့ရေယာဉ်အစိတ်အပိုင်းအားလုံးကို မီးလောင်ကျွမ်းသွားကြောင်း ၊ သို့သော် လှေမှာ ရေပေါ်တွင် ဆက်လက်ပေါ်လျှက်ရှိနေသေးကြောင်း Mr Sudirman က ဆိုသည်။

“ သေဆုံးသူအများစုကို ရေယာဉ်ဦးပိုင်းမှာရှိတဲ့ အဝင်ထွက် တံခါးအနီးမှာ ရှာဖွေတွေ့ရှိထားပါတယ်။သူတို့က မီးလောင်မှုထဲကနေလွတ်မြောက်ဖို့ကြိုးစားရင်း မီးလောင်းခံခဲ့ရတာပါ ” ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ ကူးတို့ရေယာဉ်ပေါ်လိုက်ပါလာသူအများစုသည် ကမ္ဘာလှည့်ခရီးသွားများဖြစ်ကြပြီး Tidung ကျွန်းသို့အလည်အပတ်သွားရန် လိုက်ပါလာကြသူများဖြစ်ကြောင်း သိရသည်။ မီးလောင်ကျွမ်းသွားသော ကူးတို့ရေယာဉ်ကို ဂျကာတာမြို့ရှိ Muara Angke ဆိပ်ကမ်းသို့ပြန်လည် ယူဆောင်လာခဲ့ကြောင်း သိရသည်။ (XINHUA)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.