Connect with us

Asia

၂ဝ၁၆ ခုနှစ် ဗီယက်နမ်နိုင်ငံ၏ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းထုတ်ပြန်

ဗီယက်နမ်နိုင်ငံ၌ ၂ဝ၁၆ ခုနှစ် မေလက ရေကြီး မြေပြိုမှုဖြစ်ပွားနေသည့် မြင်ကွင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

ဟိုချီမင်းစီးတီး၊ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ၌ ၂ဝ၁၆ ခုနှစ်အတွင်း သဘာဝဘေးဒဏ်ကြောင့် လူပေါင်း ၂၄၈ ဦးသေဆုံးပြီး ၄၇ဝ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ဗီယက်နမ်ဒေါင် ၁၈,၃ဝဝ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၈၂ဝ.၆ သန်း) ရှိကြောင်း ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေး နှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ သဘာဝဘေးအန္တရာယ်များထဲတွင် အထူးသဖြင့် မိုးသည်းထန်စွာရွာသွန်းခြင်း ၊ ရေကြီးခြင်း နှင့် ဆီးနှင်းထူထပ်စွာကျဆင်းခြင်းတို့ကြောင့် လူနေအိမ်ပေါင်း ၄၆ဝဝ ခန့်လုံးဝပျက်စီးသွားကြောင်း ၊ အခြားအဆောက်အအုံပေါင်း ၃၆၁,၇ဝဝ မှာလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း ၊ လယ်မြေ ၂၅၈၃ဝဝ ဟက်တာ နှင့် အခြားသီးနှံစိုက်ပျိုးမြေ ၄၉၈ဝဝ ဟက်တာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ၊ ကျွဲနွားကောင်ရေ ၅၂,၁ဝဝ ၊ ကြက်ဘဲကောင်ရေ ၁.၇ သန်းနီးပါး နှင့် ပင်လယ်ထွက်ကုန် တန် ၁ဝဝဝ ကျော် ပျက်စီးဆုံးရှုံံးခဲ့ရကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံရှိ ပြည်နယ်များ နှင့် မြို့များ ၆၃ ခု အနက် ၅၂ ခုသည် သဘာဝဘေးဒဏ်သင့်ခဲ့ကြောင်း ၊ လူပေါင်း ၁၅၇ ဦးသေဆုံးပြီး ၁၉၉ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း နှင့် ဆုံးရှုံးမှုတန်ဖိုးမှာ ဗီယက်နမ်ဒေါင် ၅၄ဝဝ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၄၂ သန်း) ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.