Asia
အမေရိကန်-ဂျပန် စစ်ရေး လေ့ကျင့်မှုသည် ကိုရီးယား ကျွန်းဆွယ် ၏ ငြိမ်းချမ်း နေသည့် အခြေအနေ ကို ဖျက်ဆီးခြင်း ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံ ပြစ်တင်ဝေဖန်
ပြုံယမ်း ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယား နိုင်ငံ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ကော်မတီ ပြောရေးဆိုခွင့်ရှိသူ က ဖေဖော်ဝါရီ ၂၂ ရက်နေ့၌ အမေရိကန် နိုင်ငံ နှင့် ဂျပန် နိုင်ငံ တို့၏ လတ်တလောကာလ တွင် မြောက်ကိုရီးယား နိုင်ငံ အား ရည်ရွယ်၍ ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှု သည် ကိုရီးယား ကျွန်းဆွယ်၏ ငြိမ်းချမ်းနေသည့် အခြေအနေ ကို ဖျက်ဆီးလို၍ ပြုလုပ်ခဲ့သည့် စစ်ရေး ရန်စမှု တစ်ရပ်ဖြစ်သောကြောင့် ပြင်းထန်စွာ ပြစ်တင်ဝေဖန် ကြောင်း ပြောကြား ခဲ့သည်။
မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ အမေရိကန် နိုင်ငံ နှင့် ဂျပန် နိုင်ငံ တို့သည် ဖေဖော်ဝါရီ ၁၆ ရက်နေ့ မှ ၂၃ ရက်နေ့ အထိ မြောက်ကိုရီးယား နိုင်ငံ အား ရည်ရွယ်၍ ဒုံးကျည် နှင့် တိုက်လေယာဉ် များကို ကာကွယ်သည့် စစ်ရေး လေ့ကျင့်မှုများကို ပြုလုပ်ခဲ့ကြောင်း ၊ စစ်ရေးလေ့ကျင့်မှု တွင် ဂျပန် နိုင်ငံ ရေကြောင်း ကာကွယ်ရေး တပ်ဖွဲ့ နှင့် အမေရိကန် ရေတပ် တို့ပါဝင်သည့် အပြင် ဂျပန် နိုင်ငံ လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့ တို့လည်း ပါဝင်လာခဲ့ကြောင်း ၊ စစ်ရေးလေ့ကျင့်မှု တွင် အမေရိကန် တပ်ဖွဲ့ များစွာ တိုးချဲ့ထည့်သွင်းလာခဲ့ပြီး စစ်ရေးလေ့ကျင့်မှု အန္တရာယ် ကို များစွာ မြှင့်တင် ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ပြောရေးဆိုခွင့်ရှိသူ က ၎င်းတို့အနေဖြင့် တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာသည် ကို ဖျက်ဆီး လိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့သည့် စစ်ရေး လေ့ကျင့်မှု တစ်ရပ် ဖြစ်ကြောင်း ၊ ယင်းစစ်ရေးလေ့ကျင့်မှု သည် လွန်စွာ အန္တရာယ်များသည့် စစ်ရေး ရန်စမှု မျိုးဖြစ်သောကြောင့် ငြိမ်းချမ်းရေး ထိန်းသိမ်းရေး ကော်မတီ အနေဖြင့် ပြင်းထန်စွာ ပြစ်တင်ဝေဖန်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)