Connect with us

Asia

အမေရိကန်-မြောက်ကိုရီးယား ခေါင်းဆောင် တို့က ယခုနှစ် မကုန်မီ တွေ့ဆုံဖွယ်ရှိကြောင်း တောင်ကိုရီးယား နိုင်ငံ သမ္မတ ပြောကြား

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ်း တို့ တွေ့ဆုံစဉ်(ဆင်ဟွာ)

နယူးယောက်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား နိုင်ငံ သမ္မတ မွန်ဂျေအင် က အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ်း တို့ က ယခုနှစ် မကုန်မီ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖွယ်ရှိကြောင်း စက်တင်ဘာ ၂၅ ရက် ၌ နယူးယောက် မြို့တွင် ပြောကြား ခဲ့သည်။

မွန်ဂျေအင် က သတင်းမီဒီယာ ၏ တွေ့ဆုံမေးမြန်မှု အား ဖြေကြားရာတွင် မိမိ အနေဖြင့် မကြာသေးမီ ရက်ပိုင်း ကပင် မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် နှင့် တွေ့ဆုံခဲ့ပြီး ၎င်းအနေဖြင့် ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး အတွက် ကြိုးပမ်းဆောင်ရွက် နေသည် ကို ယုံကြည်ကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့်လည်း သက်ဆိုင်ရာ ဆောင်ရွက်မှု များ ပြုလုပ်ပြီး အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ပါက အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် လက်ထက် တွင် ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး အား အကောင်အထည် ဖော်နိုင်မည် ကို ယုံကြည်ကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့်လည်း လက်ရှိချိန်တွင် မြောက်ကိုရီးယား နိုင်ငံ အပေါ် ထားရှိသည့် ရန်သူ ဆက်ဆံရေး အား ရပ်တန့်ခဲ့ပြီး ဆက်ဆံရေး အသစ် ဖြစ်တည်ရန် အတွက် ကြိုးပမ်း ဆောင်ရွက်နေကြောင်း ပြောကြား ခဲ့သည်။

တောင်ကိုရီးယား နိုင်ငံ သမ္မတ မွန်ဂျေအင် နှင့် အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် တို့ က စက်တင်ဘာ ၂၄ ရက် ၌ နှင့် ကုလသမဂ္ဂ ဌာနချုပ် တွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲ မစတင်မီ အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ၎င်းနှင့် ကင်ဂျုံအမ်း တွေ့ဆုံမည့် အချိန်အား ရက် အနည်းငယ် အတွင်း ထုတ်ပြန်ကြေညာ သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.