Connect with us

Asia

အိန္ဒိယတွင ်အဆောက်အအုံ ပြိုကျ၍ လူ ၂ဦးသေ၊ ၇ဦး ဒဏ်ရာရရှိ

အိန္ဒိယနိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် နေအိမ်ပြိုကျမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမြို့တွင် စက်တင်ဘာ ၂၆ ရက်က လူနေအိမ် အဆောက်အအုံ တစ်လုံး ပြိုကျခဲ့ရာ အနည်းဆုံး ကလေးငယ် ၂ဦးသေဆုံးပြီး လူ ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

ယင်းဖြစ်ရပ်သည် ဒေလီမြို့ မြောက်ပိုင်း Ashok Vihar ဧရိယာတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒေသခံ အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက သုံးထပ်လူနေအဆောက်အအုံ သည် စက်တင်ဘာ ၂၆ ရက်နံနက်ပိုင်းတွင် ပြိုကျခဲ့ကြောင်း၊ ကလေးငယ် ၂ဦး အပျက်အစီးများအောက်တွင် ပိမိခဲ့ပြီး လူ ၇ဦးကို ဆွဲထုတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ပြည်တွင်း ရုပ်သံလိုင်းများ ၌ အမျိုးသားသဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးတပ်ဖွဲ့ နှင့် မီးသတ်ကားများသည် အခင်းဖြစ်ပွားရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေပြီး အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနေသည်ကို ထုတ်လွှင့်ဖော်ပြခဲ့သည်။

အဆိုပါဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဆောက်လုပ်ရေးစည်းမျဉ်းများနိမ့်ကျမှု နှင့် အခြေခံ ဘေးအန္တရာယ်ကင်းရှင်းရေးစံချိန်စံညွှန်းများ ကင်းမဲ့မှုကြောင့် နှစ်စဉ် မိုးရာသီအတွင်း အိန္ဒိယနိုင်ငံ၌ အဆောက်အဦ ပြိုကျမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.