Connect with us

Asia

အမေရိကန် ၏ မြောက်ကိုးရီးယား နိုင်ငံ အပေါ် ဖိအားပေး ဆောင်ရွက်မှု များနှင့် ပတ်သက်၍ မြောက်ကိုးရီးယား နိုင်ငံ မှ ဝေဖန်ပြောကြား

မြောက်ကိုးရီးယား နိုင်ငံ ၏ စစ်ရေးပြ အခမ်းအနား တစ်ခု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ မတ် ၂၁ ရက် (ဆင်ဟွာ)

မြောက်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မှ မြောက်ကိုးရီးယား နိုင်ငံ နှင့် ပတ်သက်၍ ပြောကြားခဲ့သည့် အဆိုများကို ပြစ်တင် ဝေဖန် ကြောင်း နှင့် ထိုပြောဆိုမှု များသည် မြောက်ကိုးရီးယား နိုင်ငံ အပေါ် ဖိအားပေးမှု များဖြစ်ကြောင်း မတ်လ ၂၀ ရက်နေ့က ဝေဖန် ပြောကြား ခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Tillerson က အမေရိကန် မှ ပြီးခဲ့သည့် အချိန် နှစ် ၂၀ ကာလ အတွင်း မြောက်ကိုးရီးယား နိုင်ငံ ၌ နျူကလီးယား ကင်းစင်ရေး နှင့် ပတ်သက်သော ကြိုးပမ်း ဆောင်ရွက်မှု များသည် ရှုံးနိမ့် ခဲ့ပြီးဖြစ်ကြောင်း ၊ အမေရိကန် သမ္မတဟောင်း အိုဘာမား ၏ မြောက်ကိုးရီးယား နိုင်ငံ အပေါ် ချမှတ် ခဲ့သော သည်းခံခြင်းမဟာဗျူဟာ မူဝါဒ သည်လည်း ပြီးဆုံးခဲ့ပြီး ဖြစ်ကြောင်း နှင့် မြောက်ကိုးရီးယား နိုင်ငံ မှ အမေရိကန် နိုင်ငံ နှင့် မဟာမိတ်များအပေါ် ခြိမ်းခြောက်လာပါက စစ်ရေး အရ တုံ့ပြန်သွားမည် ဟု ပြောကြားခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ က မီဒီယာ များနှင့်တွေ့ဆုံရာတွင် ပြောကြား ခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ က အိုဘာမား သည် အိမ်ဖြူတော် မှ မထွက်ခွာမီ အချိန်ထိ မြောက်ကိုးရီးယား နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှု များဆောင်ရွက်ရန် အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း ၊ ယခု အချိန်တွင်လည်း Tillerson သည်လည်း ထိုနည်းအတူ ပင်ဖြစ်ကြောင်း ၊ ၎င်းတို့သည် မြောက်ကိုးရီးယား နိုင်ငံ မှ နျူလက်နက်များ ဆောင်ရွက်နေရခြင်း၏ အဓိက အကြောင်းအရင်း ကို မသိရှိကြကြောင်း ၊ မြောက်ကိုးရီးယား နိုင်ငံ မှ နျူကလီးယား လက်နက်များ ဆောင်ရွက်နေခြင်းသည် နိုင်ငံတော် နှင့် ပြည်သူလူထု တို့ကို ကာကွယ်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး တိုက်ပွဲ ကို ထိန်းချုပ်ရန် အတွက် အကောင်းဆုံး သော အရာလည်း ဖြစ်ကြောင်း ၊ မြောက်ကိုးရီးယား နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ မှ ဆောင်ရွက်လာသည့် တိုက်ပွဲ အတွက် ရင်ဆိုင်နိုင်သော စိတ်ဓာတ် နှင့် အင်အား အပြည့်အဝ ရှိကြောင်း ပြောကြား ခဲ့သည်။

Tillerson သည် မတ်လ ၁၆ ရက်နေ့က ဂျပန် နိုင်ငံ သို့သွားရောက်စဉ် အတွင်း အမေရိကန် မှ ပြီးခဲ့သည့် အချိန် နှစ် ၂၀ ကာလ အတွင်း မြောက်ကိုးရီးယား နိုင်ငံ ၌ နျူကလီးယား ကင်းစင်ရေး နှင့် ပတ်သက်သော ကြိုးပမ်း ဆောင်ရွက်မှု များသည် ရှုံးနိမ့် ခဲ့ပြီးဖြစ်ကြောင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။ မတ်လ ၁၇ ရက်နေ့က တောင်ကိုးရီးယား နိုင်ငံ သို့သွားရောက်စဉ် တွင်လည်း အမေရိကန် နိုင်ငံ ၏ မြောက်ကိုးရီးယား နိုင်ငံ အပေါ် ချမှတ် ခဲ့သော သည်းခံခြင်းမဟာဗျူဟာ မူဝါဒ သည် ပြီးဆုံးခဲ့ပြီးဖြစ်ကြောင်း နှင့် မြောက်ကိုးရီးယား နိုင်ငံ မှ နျူကလီးယား စွန့်လွှတ်ရန် အတွက် ရွေးချယ်နိုင်သော ကိစ္စ အားလုံးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.