Connect with us

Asia

အာဖဂန်နစ္စတန်တောင်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင် ၄ဦးအသတ်ခံရပြီး အလုပ်သမား ၁၃ဦး ပြန်ပေးဆွဲခံရ

အာဖဂန်နစ္စတန်နိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် တာလီဘန်တို့၏ တိုက်ခိုက်မှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ကန်ဒါဟာ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာပြည်နယ် ရှိ လမ်းဖောက်လုပ်ငန်းရေးလုပ်ငန်းခွင် တစ်ခုကို စစ်သွေးကြွများက တိုက်ခိုက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင် ၄ဦးသေဆုံးပြီး အလုပ်သမား ၁၃ဦး ပြန်ပေးဆွဲခံရကြောင်း ဒေသခံရဲတပ်ဖွဲ့က ဇွန် ၂၂ ရက်တွင်ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်သည် Spin Boldak ခရိုင် အစွန်းအဖျား ရှိ Sira Sahan ဧရိယာ၌ ဇွန် ၂၁ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်ဆိုင်ရာရဲတပ်ဖွဲ့ က ထုတ်ပြန်ချက်တစ်ခုတွင်ပြောကြားခဲ့သည်။

အာဖဂန်နယ်ခြားစောင့် ရဲတပ်ဖွဲ့သည် တိုက်ခိုက်မှုအား တုံ့ပြန်ဆောင်ရွက်ရန် ပြန်ပေးဆွဲမှုတိုက်ခိုက်မှုဖြစ်ပွားရာနေရာသို့ လျင်မြန်စွာရောက်ရှိခဲ့ကြောင်း၊ အပြန်အလှန်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင် ၄ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ထုတ်ပြန်ချက်အရ ပြန်ပေးဆွဲခံရသူများအား ရှာဖွေနေပြီး ကယ်ဆယ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

စစ်သွေးကြွများသည် အခင်းဖြစ်ပွားရာမှ မထွက်ခွာခင် မော်တော်ယာဉ်နှင့် စက်ယန္တရားများစွာကို မီးရှိုှု့ခဲ့ကြောင်း သိရသည်။

ပြန်ပေးဆွဲခံရသူ အလုပ်သမားများသည် Spin Boldak ခရိုင် နှင့် ၎င်းအနားရှိ Shorabak ခရိုင်အား ဆက်သွယ်ပေးသည့် လမ်းတစ်ခုအား ဖောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ကနဦးရရှိသည့် သတင်းများအရ အလုပ်သမား ၁၃ဦး နှင့် လုံခြုံရေးအစောင့် ၁၉ ဦး ပြန်ပေးဆွဲခံရကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအား မည်သည့်အဖွဲ့ကလုပ်ဆောင်ခြင်းဖြစ်ကြောင်း မသိရှိရသေးသော်လည်း ပါကစ္စတန်နိုင်ငံ နယ်စပ် ရှိ ယင်း ခရိုင်တွင် တာလီဘန်စစ်သွေးကြွများ ရှိနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.